အီတလီစီးရီအေကလပ် အေစီမီလန်အသင်း၏ အသက်၁၈နှစ်သာရှိသေးသည့် အီတလီလက်ရွှေးစင်ဂိုးသမားလေး ဒွန်နာရမ်မာ မှာ ဒိန်းမက်ယူ၂၁လက်ရွှေးစင်နဲ့နဲ့ကစားခဲ့သည့် ယူ၂၁ပွဲစဉ်တွင် အီတလီပရိသတ်အချို့၏ ပိုက်ဆံအတုတွေနဲ့ပစ်ပေါက်ကဲ့ရဲ့မှုကိုခံခဲ့ရပါတယ်။

ဒိန်းမက်ယူ၂၁လက်ရွှေးစင်နဲ့ အီတလီယူ၂၁လက်ရွှေးစင်အသင်းတို့ကစားခဲ့တဲ့ ပွဲစသ်မှာ ဂိုးပေါက်ကိုစောင့်ကြပ်နေတဲ့ ဒွန်နာရမ်မာထံသို့ ပရိသတ်တွေက ပိုက်ဆံဖြင့်ပေါက်ခဲ့သလို ဒွန်နာရမ်မာကိုကဲ့ရဲ့ရှုတ်ချတဲ့ စာတမ်းများကိုလည်း ထောင်ပြခဲ့ပါတယ်။ 

ဒွန်နာရမ်မာအနေနဲ့ မိခင်အေစီမီလန်ကလပ်နဲ့ စာချုပ်သက်တမ်းမတိုးတော့ဟု ပြောကြားခဲ့သော်ကြောင့် အစီမီလန်ကလပ်ပရိသတ်များမှာ အလွန်အမင်းဒေါသထွက်နေကြောင်းသိရှိရပြီး ဒွန်နာရမ်မာကို ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်တို့မှ ခေါ်ယူရန်စိတ်ဝင်စားနေသည်။

Hein 

သတင်းအရင်းမြစ် Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။