ပရိသတ်ကြီးရေ ဒါရိုက်တာကိုပေါက်ကတော့ Tiktok လေးတွေကို အပျော်ကစားရင်းကနေပြီး ပရိသတ်တွေက ကြိုက်နှစ်သက်ကြလွန်းလို့ နာမည်ပိုကြီးလာတာဖြစ်ပါတယ်။ကိုပေါက်ရဲ့ ဖန်တီးနိုင်မှုစွမ်းရည်ကလည်း အရမ်းကောင်းပြီး တစ်နေ့တစ်မျိုးမရိုးရအောင် တင်ဆက်နိုင်တာပဲဖြစ်ပါတယ်နော်။ကိုပေါက်တို့ အနုပညာအလုပ်တွေက လတ်တလောမှာ ခေတ္တနားထားရတာဖြစ်လို့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင် အမျိုးမျိုးဖန်တီးနေတာပဲဖြစ်ပါတယ်။

Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account

ကိုပေါက်ရဲ့ Tiktok လေးတွေဟာဆိုရင် အရမ်းရီရလွန်းလို့ ကြည့်ရှု့သူကို ပျော်ရွှင်စေပါတယ်နော်။အနုပညာညီအစ်ကိုမောင်နှမတွေကိုလည်း ဆေးထိုးပြီးတော့လည်း ကိုပေါက်က အိုင်တင်အပြည့်နဲ့ သရုပ်ဆောင်ထားပါသေးတယ်။ကိုပေါက်ရဲ့ Tiktok လေးတွေ ပိုမိုပြီးပြည့်စုံဖို့အတွက် အနောက်ကနေ ပံ့ပိုးကူညီပေးကြတာကတော့ ကိုပေါက်ရဲ့ချစ်ဇနီးချောလေးနဲ့ သားလေးနှစ်ယောက်ပဲဖြစ်ပါတယ်နော်။

Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account

ကိုပေါက်ရဲ့မိသားစုကလည်း အနုပညာအရည်အသွေးလေးတွေကောင်းလို့ ပရိသတ်တွေကချီးကျူးနေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ကိုပေါက်က"ရိုက်ကွင်းနောက်ကွယ် ကသရုပ်ဆောင်နဲ့ ဒါရိုက်တာတို့ရဲ့တိုက်ပွဲ မျက်ရည်အတောင့်လိုက်ကျပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲသရုပ်ဆောင်ပေးနေရတဲ့ ကျွန်တော့်အသည်းလေး မမနီနီ"ဆိုပြီး ငိုပြီးတော့ ပြောနေတဲ့ ချစ်ဇနီးချောလေးရဲ့ ဗီဒီယိုဖိုင်ကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account

Source&Photo Credit:Aung Min Naing's Facebook Account

Video Credit:Aung Min Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။