ပရိသတ်ကြီးရေ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် ထူးခြားကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါနော်။ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီး ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင် မင်းသမီချော ပွင့်နဒီမောင်နဲ့လည်း ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ဆက်တူလုပ်ကိုင်နေပြီး အောင်မြင်မှုတွေ အသင့်အတင့်ရရှိနေတာလည်းဖြစ်ပါတယ်......။

Photo credit - Htoo Charr's Facebook account
Photo credit - Htoo Charr's Facebook account

လတ်တလောမှာတော့ ထူးခြားက အနုပညာလှုပ်ရှားမှုတွေကို ခ္တေတရပ််ဆိုင်းထားပြီး ချစ်ရတဲ့ မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူလည်းဖြစ်ပါတယ်။ ကိုယ်ဝန်သည်မိန်းမကိုလည်း စိတ်ချမ်းသာအောင် အမြဲထားပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်.။ ယနေ့မှာတော့ ခင်မင်ရင်းနှီးတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် ဇင်မျိုးနဲ့ kညီတို့ နှစ်ယောက်နဲ့အတူ တွေ့ဆုံဖြစ်တဲ့ အကြောင်းပြောလာတာပဲဖြစ်ပါတယ်.....။

Photo credit - Htoo Charr's Facebook account
Photo credit - Htoo Charr's Facebook account

ထူးခြားက တွေ့ဆုံဖို့ ခဲရင်းလှတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ကာ " ဓါတ်ပုံရိုက်မယ်ဆိုတော့ ဘိုကြီးကသူသောက်နေတဲ့ခွက်လာပေးထားတယ်ဗျာ။သေရချည်ရဲ့.. "ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ သူငယ်ချင်းသုံးယောက်အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ချစ်ရတဲ့ ပရိသတ်တွေလည်း သူတို့ ပုံလေးတွေကို ကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်......။

Photo credit - Htoo Charr's Facebook account
Photo credit - Htoo Charr's Facebook account
Photo credit - Htoo Charr's Facebook account

Photo credit - Htoo Charr's Facebook account

Source - Htoo Charr's Facebook account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။