ယနေ့ချိန်ထိ အရွယ်တင်နုပျိုလှပနေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီး မေသန်းနုပဲ ဖြစ်ပါတယ်။ သူမဟာ ပါဝင်သရုပ်ဆောင်တဲ့ ကာရိုက်တာတိုင်းကို အပိုလိုမရှိကွက်တိကျအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေ များစွာတိုင် အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်အဖြစ် ယနေ့ချိန်ထိ ရပ်တည်နိုင်တာဟာလည်း သူမရဲ့ စန်းကြောင့်လို့ ဆိုရမှာပါပဲနော်။

Photo Crd - May Than Nu- Ma Sint's Facebook Page
Photo Crd - May Than Nu- Ma Sint's Facebook Page
Photo Crd - May Than Nu- Ma Sint's Facebook Page

သူမရဲ့ မကြာသေးခင်က အကျဉ်းထောင်မှ လွတ်မြောက်လာတာပဲ ဖြစ်ပြီး အားလုံးကလည်း မဆင့်ရဲ့သတင်းကို ဝမ်းသာနေကြတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ဖို့ရှိပြီး ဒီလအကုန်မှာလည်း သားဖြစ်သူနဲ့အတူ သာသနာ့ဘောင်သို့ ခေတ္တ ဝင်ရောက်မှာလို့လည်း သိရှိရပါတယ်။ လတ်တလောမှာတော့ သားလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်ရတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပျော်ပျော်ပါးပါးစားသောက်ရင်း ကြည်နူးပြုံးပျော်နေတဲ့ ထပ်ဆင့်အကယ်ဒမီမေသန်းနုရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။  

Photo Crd - Hla Myo Thinzar Nwe's Facebook Account
Photo Crd - Hla Myo Thinzar Nwe's Facebook Account
Photo Crd - Hla Myo Thinzar Nwe's Facebook Account

အနုပညာရှင်များကလည်း သူမရဲ့ အရင်လို အပြုံးလေးတွေ ပြန်လည်တွေ့မြင်ရတဲ့ အတွက် ကြည်နူးနေကြတာလည်း ဖြစ်ပါတယ်။ " 8 /7/2020 နေ့ညနေက 29 စိန်ရွှေရတနာဆိုင် မှ ကိုတူးနိုင်းတို့ ဇနီးမောင်နှံရဲ့ ဧည့်ခံမှု့နဲ့အတူ အမ မဆင့်ကို ကြိုဆိုပွဲလေး ပျော်ရွှင်စွာ ကျင်းပ ခဲ့ပါတယ်

ချစ်သော အမ နဲ့ ပြန်လည် တွေ့ဆုံရလို့ ရွှေပိုး မမကတော့ ကလေးတယောက်လို ပျော်ရွှင်နေပါတယ်ရှင်

ရွှေပိုးမမက

သင်္ကြန်မိုး ထဲ က သင်္ကြန် မင်းသမီးလေး မရှိတဲ့အတွက် သင်္ကြန်ပွဲကြီးလဲ ကျင်းပခွင့် မရဘူး အမရေ တဲ့

ပြီးတော့ ရုပ်ရှင်နှစ်တရာပြည့် ပွဲကလဲ အမ ပြန်လာအောင် စောင့်နေတာပါ လို့

အမ မဆင့် ပျော်နေသလို အကို ရဲအောင်ရော ကိုတူးနိုင်းတို့ မောင်နှံရော ကိုစိုးကြီး (တော်မီ) တို့ရော အားလုံး ပျော်ရွှင်နေကြတာ ကလေးလေးတွေလိုပါပဲ

အမ မဆင့် ဝဋ်ကြွေးတွေကျေပြီး ဘေးဒုက္ခတွေ ကင်းဝေးပါစေ ကျန်းမာ ပျော်ရွှင်ပြီး အကယ်ဒမီတွေ ထပ်ရပါစေ

ကိုတူးနိုင်း တို့လဲ 29ဆိုင်တွေ မြန်မာတပြည်လုံးမှာ ဆိုင်ခွဲတွေ ထပ်မံဖွင့်လှစ်နိုင်ပါစေ

ကိုစိုးကြီး (တော်မီ) နဲ့ ရွှေပိုးမမတို့ အနုပညာ မောင်နှမလဲ ဇာတ်လမ်းတွဲတွေ အများကြီး ရိုက်ရပါစေ လို့ ရွှေပိုးတိုက်ပုံ မိသားစု မှ ပျော်ရွှင်စွာ ဆုတောင်းပေးပါတယ်ရှင် " ဆိုပြီး သရုပ်ဆောင် လှမျိုးသဉ္ဖာနွယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Hla Myo Thinzar Nwe's Facebook Account and May Than Nu- Ma Sint's  Facebook Page 

Photo Crd - Hla Myo Thinzar Nwe's Facebook Account
Photo Crd - Hla Myo Thinzar Nwe's Facebook Account
Photo Crd - Hla Myo Thinzar Nwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။