ပရိသတ်ကြီးရေ.. မြန်မာသံစဉ်လေးတွေကို အသံချိုချိုအေးအေးလေးနဲ့ ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်သလို အမိုက်စားသီချင်းကောင်းလေးတွေကိုလည်း အကောင်းဆုံး သီဆိုဖျော်ဖြေတတ်သူလေးကတော့ အဆိုတော်မလေး အေးမြဖြူပဲ ဖြစ်ပါတယ်နော်..။

အဆိုပိုင်းမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း ငယ်စဉ်ကတည်းက ဇတာ်ကားတွေရိုက်ကူးကာ ကြော်ငြာတွေလည်း ရိုက်ကူးသရုပ်ဆောင်ထားတဲ့ အေးမြဖြူလေးကတော့ Myanmar Idol ကနေ ပရိသတ်တွေရဲ့စိတ်ဝင်စား အားပေးမှုတွေကို တဖန်ပြန်လည်ရရှိခဲ့တာပဲ ဖြစ်ပါတယ်..။


Photo Credit - Aye Mya Phyu's Fb Account
Photo Credit - Aye Mya Phyu's Fb Account

လတ်တလောမှာတော့ အောင်မြင်မှုတွေများစွာနဲ့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့ မိုးသိုလေးကတော့ သီချင်းတွေအပြင် သရုပ်ဆောင်ပိုင်းတွေမှာလည်း ကြိုးစားသွားမယ့်အကြောင်းလေး ပြောပြလာပါတယ်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရကာ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပြီး ဇာတ်ကားရိုက်ကူးဖြစ်တဲ့အကြောင်းလေးနဲ့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းအတွက်ပါ အကောင်းဆုံး ကြိုးစားသွားမယ့်အကြောင်းလေး ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Aye Mya Phyu's Fb Account
Photo Credit - Aye Mya Phyu's Fb Account

“ဂီတနဲ့ သရုပ်ဆောင်ပိုင်းမှာ အဆိုကိုပဲ အဓိက အဆိုကိုပါပဲ သရုပ်ဆောင်ပိုင်းကို အရမ်းလုပ်ချင်လို့ ဆိုပြီးတော့ သမီးကိုယ်တိုင်လုပ်တာမျိုး မဟုတ်ဘဲ ဒါရိုက်တာတွေ ပရိုဂျူဆာတွေက ကမ်းလှမ်းလို့ လုပ်ဖြစ်တယ် တကယ်လို့ သရုပ်ဆောင်ပိုင်းမှာလည်း ဒီထပ်ပိုလုပ်ဖြစ်မယ် ဒါရိုက်တာတွေ ပရိုဂျူဆာက ဒီထပ်ပိုပြီး ကမ်းလှမ်းလာရင် ပိုပြီးတော့လုပ်ဖြစ်မယ် သီချင်းပိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် ကြိုးစားရမှာပေါ့နော် သီချင်းပိုင်းကို ပိုပြီးတော့လုပ်ဖြစ်နေပါတယ် သရုပ်ဆောင်ပိုင်းကိုလည်း ကြိုးစားသွားမှာပါ ..” ဆိုပြီး မိုးသိုလေးက ပြောပြထားတာပါ..။

ဒါရိုက်တာ သြရသ နဲ့ ရိုက်ကူးမယ့် ဘာသာရေးဇာတ်ကားကြီးက သူမဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်မယ့် ဇာတ်ကားတစ်ကား ဖြစ်မယ်လို့ ထင်တဲ့အကြောင်းလေးကိုလည်း ပြောပြထားသေးတဲ့ မိုးသိုလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Aye Mya Phyu's Fb Account
Photo Credit - Aye Mya Phyu's Fb Account

Photo Credit - Aye Mya Phyu's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။