ယခုခေတ်နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေက ကွယ်ပျောက်ပြီး ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေသာ လူကြိုက်များနေတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေရိုက်ကူးတဲ့အခါ တက်သစ်စ မင်းသားမင်းသမီးအသစ်တွေကိုသာ ခေါ်ယူရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးရင်း ပရိသတ်တွေသတိထားမိကာ လူကြိုက်များအောင်မြင်ခဲ့တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲဖြစ်ပါတယ်။ နှင်းဆီဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ကာရိုက်တာအဆန်းလေးနဲ့ စတင်ရိုက်ကူးရင်း လူသိများခဲ့တာလည်းဖြစ်ပါတယ်.....။ 

Photo credit - Khay Sett Thwin's Facebook account
Photo credit - Khay Sett Thwin's Facebook account

ခေးဆက်သွင်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ကမ်းလှမ်းလာတဲ့ အနုပညာအလုပ်တွေကိုလည်း လက်ခံရိုက်ကူးပေးနေတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ ခေးဆက်သွင်က ကြော်ငြာတွေအပြင် photo shootingတွေကို ရိုက်ကူးပေးနေတာပါနော်။ သူမရဲ့ အနုပညာလှုပ်ရှားမှုအားလပ်တဲ့ အချိန်လေးတွေမှာလည်း ပရိသတ်တွေကို အချိန်ပေးကာ ပျော်ရွှင်နေသူပါ။ ခေးက အသည်းယားစရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး အမူအရာလေးတွေကလည်း ချစ်စရာကောင်းလွန်းနေတာပါနော်.....။

Photo credit - Khay Sett Thwin's Facebook account
Photo credit - Khay Sett Thwin's Facebook account
Photo credit - Khay Sett Thwin's Facebook account

မကြာသေးမှီအချိန်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ ပုရိသတို့ ရင်ခုန်သွားစေလောက်အောင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်အလန်းလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ဖြူဖွေးလှပတဲ့ အသားအရည်လေးကို အထင်းသားပေါ်လွင်သွားစေလောက်တဲ့ ကြိုးတစ်ချောင်းအင်္ကျီလေးကို ဝတ်ဆင်ကာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။ 

Photo credit - Khay Sett Thwin's Facebook account
Photo credit - Khay Sett Thwin's Facebook account
Photo credit - Khay Sett Thwin's Facebook account

Photo credit - Khay Sett Thwin's Facebook account

Source  - Khay Sett Thwin's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။