မြန်မာ့ ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကျဲ ထိပ်တန်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ စင်ယော်မောင်မောင် ကို အနုပညာရှင်မောင်နှမတွေကပါ မက ပရိသတ်တွေကပါ လေးစားရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။  စင်ယော်မောင်မောင်ကတော့ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတတ်အောင် ကြိုးပမ်းကြသူတွေထဲ မှာလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ဒါရိုက်တာ စင်ယော်မောင်မောင်ဟာ နာမည်ကြီး ရုပ်ရှင်တွေ များစွာ ရိုက်ကူးနေပြီး အကယ်ဒမီတွေ လည်း များစွာ ရရှိနေပါတယ်။

Photo & Video Credit -Zin Yaw Mg
Photo & Video Credit -Zin Yaw Mg

စင်ယော်မောင်မောင် ရဲ့ သားလေး မင်းသန့် ရဲ့ မိခင်ဖြစ်တဲ့ အကယ်ဒမီမေသန့်နုဟာ ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပြစ်ဒဏ်ကနေလွတ်လာခဲ့တာကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်..။ ယခုဆိုရင်လည်း စင်ယော်မောင်မောင် က သားလေး မင်းသန့် နဲ့ မဆင့် တို့ ပတ်သတ်ပြီး ပရိသတ်တွေကို မေတ္တာရပ်ခံထားတဲ့ ဗီဒီယိုလေးကို သူ့ရဲ့ မှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ စင်ယော်မောင်မောင် က ပြောထားရာမှာလည်း ဇူလိူင်လ ၁၀ ရက်နေ့မှာ မဆင့် ရဲ့ အိမ်မှာ ရပ်ကွက် က လူကြီးတွေကိုဖိတ်ပြီး အိမ်တက်မင်္ဂလာ ပြုလုပ်မှာသွားမယ်လို့လည်း သိရပါတယ်။

Photo & Video Credit -Zin Yaw Mg
Photo & Video Credit -Zin Yaw Mg

သားလေး မင်းသန့် ယခုမှာ ပျော်ရွှင်နေရတဲ့ အချိန်လေးဖြစ်တာကြောင့် အရင်ကဖြစ်ခဲ့တဲ့ အကြောင်းတွေကို အမှုကိစ္စတွေကို ပြောကြ ၊ ဆိုကြ Interview မလုပ်ကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံထားပါသေးတယ်။ ဒါ့အပြင် သားလေး မင်းသန့် နဲ့ မဆင့် တို့ သားမိတွေကတော့ အေးချမ်းလှတဲ့ သာသနဘောင်အတွင်းကို ခဏတာ ဝင်ရောက်ဖို့ ရှိပါတယ်လို့လည်း ပြောပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မဆင့် ရဲ့ အမှုအကြောင်းကိစ္စတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို မေတ္တာရပ်ခံထားတဲ့ စင်ယော်မောင်မောင် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit -Zin Yaw Mg

Source - Zin Yaw Mg 's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။