ပရိသတ်ကြီးလုံးသိကြတဲ့အတိုင်း လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ Ace ရဲ့ Hayabusa ဟာဆိုရင် အကွက်တွေ တော်တော်ပြသွားပါတယ်။ တစ်ဖက်ကရန်သူတွေတောင် ရှိန်သွားရလောက်အောင် ကြမ်းပြနိုင်ခဲ့ပါတယ်။ Mobile Legends ကိုဆော့တဲ့ မြန်မာ Player တော်တော်များများဟာလဲ ACE ရဲ့ Haya ကိုကြိုက်တာကြောင့် Rank တွေမှာ တော်တော်များများ ပြန်တွေ့ရပါတယ်။ သို့သော်တချို့က ကိုင်တက်လို့ ကိုင်ကြတာဆိုပေမယ့် တချို့ကကျတော့ Skill အနည်းသာနားလိုက်ပြီး တချို့ကျ ဒီတိုင်းမသိပဲ ကိုင်နေကြတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်ပဲ အောက်မှာ Haya နဲ့ပတ်သတ်လို့ Guide အနည်းငယ်ကို တင်ပေးလိုက်ပါတယ်။ 

Hayabusa ဟာဆိုရင် Battle ထဲမှာ အဝင်အထွက် လုပ်လို့ကောင်းတဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ Ling ကစားပုံဟာဆိုရင်လဲ မကွာဘူးပြောလို့ရမှာပါပဲ။ Haya ကို Hyper ဆော့ရင်တော့ Red Buff , Blue Buff တွေအကုန်ရန်သူမဦးခင် အမြန်စားဖို့လိုပြီး ကိုယ့်အသင်းနဲ့လူညီရင် ရန်သူ Buff တွေကိုပါ ရရင်ရသလိုသွားယူသင့်ပါတယ်။ Farming ပိုင်းကြီးပဲ ဦးစားမပေးပဲ Kill လဲရရင်ရသလို ယူတက်ရပါတယ်။ Battle ဖြစ်နေချိန်မှာ ကိုယ့်အနေနဲ့ ရရင်ရသလိုနှိုက်ပြီး အသင်းဘက်က တာဝါလိုရင်တော့ တာဝါတွေကို လိုက်ယူပေါ့။ Creep ရှင်းရတာလဲ မြန်တာမို့ အဓိက Haya က Farm တက်ပြီး Battle အဝင်အထွက်လုပ်တက်ဖို့ပဲလိုပါတယ်။  

သတင်းအရင်းမြစ် Omega

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။