မိတ်ကပ်လောကမှာ ဆယ်စုနှစ်ကျော်နီးပါး အောင်မြင်နေသူကတော့ မိတ်ကပ်ဖန်တီးပညာရှင် မထက်ပဲ ဖြစ်ပါတယ်။ သူမဟာ အရင်ကတည်းက မင်းသား၊ မင်းသမီးတွေကို မိတ်ကပ်လိမ်းခြယ်ပေးခဲ့တာပဲဖြစ်ပြီး သူမရဲ့ ဖန်တီးလိမ်းခြယ်ပေးမှုတွေကို အားလုံးက ကြိုက်နှစ်သက်ကြတာကြောင့် မင်္ဂလာပွဲအခမ်းအနားများတွင် လက်မလည်အောင် လိုက်လံလိမ်းခြယ် ပြင်ဆင်ပေးနေရတာပဲ ဖြစ်ပါတယ်။ မထက်ရဲ့ ပုံစံလေးဟာလည်း တစ်ကယ့်မိန်းကလေး အစစ်တစ်ယောက်လို့ ထင်မှတ်ရလောက်အောင်ပင် ချောမောလှပလွန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd - Mahtet's Facebook Account
Photo Crd - Mahtet's Facebook Account
Photo Crd - Mahtet's Facebook Account

သူမဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အနေနဲ့သာမကဘဲ သရုပ်ဆောင် မင်းသမီးအဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးနေရပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားနေပြီပဲ ဖြစ်ပါတယ်။ မထက်ရဲ့ ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်တဲ့ သူမရဲ့ ကာရိုက်တာကိုလည်း ပရိသတ်တွေအားလုံးက သဘောကျ နှစ်ခြိုက်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မထက်တစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးပေးနေရတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Mahtet's Facebook Account
Photo Crd - Mahtet's Facebook Account
Photo Crd - Mahtet's Facebook Account

သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲ ဝေမျှပေးလေ့ရှိပြီး အခုမှာလည်း သူမရဲ့ Instagram Stories မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မီးရောင်စုံများကြားမှာ မြူးကြွတဲ့ သီချင်းသံစဉ်တွေနဲ့ အပီအပြင်ဒွန့်နေတဲ့ မထက်ရဲ့ အမိုက်စား Video လေးပဲ ဖြစ်ပါတယ်။ မထက်ကတော့ " အဲ့လို မကဲရတာ ငါးလရှိပြီ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် မထက်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Mahtet's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။