မော်ဒယ်သန္တာလှိုင်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အရွယ်တင်နုပျိုကာ အချိုးအစားပြေပြစ်တဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ရရှိပိုင်ဆိုင်ထားခဲ့သူလေးဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အမိုက်စားရေကူးဝတ်စုံလေးဝတ်ဆင်ပြီး ရေငုပ်ကာ လှပတဲ့ သန္တာကျောက်တန်းတွေကို သွားကြည့်ခဲ့ပါတယ်။

photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page

သူမကတော့ ယခုမှာ လှပတဲ့ သန္တာကျောက်တန်းတွေကို တန်ဖိုးထားပြီး မဖျက်စီးသင့်တဲ့အကြောင်း ပြောပြာလာခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ " ပင်လယ်ထဲက သန္တာအနီရောင်လေး တစ်ကောင်....သန္တာဆိုတာ သက်ရှိသတ္တဝါတွေပါ ကျွန်မတို့ အိမ်က ဧည့်ခန်းမှာမှာထားဖို့ ချိုးဖဲ့ယူသွားရင် ပင်လယ်ထဲက သန္တာတွေကို မှိခိုပြီး နေနေရတဲ့ အခြားသက်ရှိရေသတ္တဝါတွေလဲ ဒုက္ခရောက်ပြီး ပင်လယ်ကြီး ပျက်စီးဖို့ ရိုက်ချိုးသလို ဖြစ်ပါလေရော.. " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page

သူမကတော့ " ဒါကြောင့် လူတွေ မှီခိုနေရတဲ့ ပတ်ဝန်းကျင်ကြီးလည်ပတ်ဖို့ အရေးအကြီးဆုံး သအုဒ္ဒရာထဲက သန္တာကျောက်ခက်တွေကို ဘေးမဲ့ချမ်းသာပေးရင် ကျွန်မတို့တွေ အလိုလို ကုသိုလ်ရနေမှာပါလို့.... " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မော်ဒယ်သန္တာလှိုင်ရဲ့ အနီရောင်ရေကူးဝတ်စုံလေးနဲ့ ရေငုပ်ပြီး လှပတဲ့ သန္တာကျောက်တန်းတွေကို သွားကြည့်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: Thandar Hlaing သန္တာလှိုင် 's facebook page

photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။