Myanmar idol သီချင်း အဆိုပြိုင်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေနဲ့ အတူ ချစ်ခင်မှုတွေပါ ရရှိခဲ့တဲ့ သူကတော ဖြိုးမြတ်အောင် ပဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ အသံပါဝါကောင်းကောင်းနဲ့ အမှားနည်းအောင် သီဆိုမှုတွေကြောင့် Winner ဆုကြီးကို ထိုက်ထိုက် တန်တန် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖြိုးမြတ်အောင် ရဲ့ထွက်ရှိထားတဲ့ သီချင်းသစ်တွေကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရတဲ့ သီချင်းကောင်းတွေ ပဲဖြစ်ပါတယ်။

Photo Credit -Phyo Myat Aung
Photo Credit -Phyo Myat Aung
Photo Credit -Phyo Myat Aung

ယနေ့ ဇူလိုင်လ ၉ ရက်နေ့ မှာတော့ ရိုးသား ကြိုးစား တိုင်းဧရာသားလေး ဖြစ်တဲ့ ပရိသတ်တွေ အချစ်တော်လေး ဖြိုးဖြတ်အောင် အသက် ၂၈ နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပါပြီနော်..။ သူရဲ့ မွေးနေ့ လေး အတွက်ကို မိသားစုတွေ နဲ့ အတူ ရဟန် သံဃာတော်တွေကို ဆွမ်းကျွေး တရားနာကာ ကောင်းမှုကုသလိုလ်လေးကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဖြို့မြတ်အောင် ပြုလုပ်ခဲ့တဲ့ မွေးနေ့ အလှူရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်နော်..။

Photo Credit -Phyo Myat Aung
Photo Credit -Phyo Myat Aung
Photo Credit -Phyo Myat Aung

ဒီ အလှူပုံရိပ်လေးတွေ နဲ့လည်း ဖြိုးမြတ်အောင် က " ဒီနေ့ ကျွန်တော်ရဲ့ အသက်၂၈နှစ်ပြည့်မွေးနေ့အလှူလေးကို မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ပစ္ဆိမာရုံပါဠိတက္ကသိုလ်စာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်...၂၈ နှစ်ပြည့်ကို ကောင်းမှုကုသိုလ်တွေနဲ့ စတင်လိုက်ပါပြီ ကုသိုလ်ပြုဖော်ပြုဖက်များနဲ့တကွ အားပေးဖော်များအပါအဝင် မိသားစုဝင်များအားလုံး အမျှပေးဝေပါတယ် အားလုံးကျန်းမာ ချမ်းသာ လိုရာ ပြည့်ကြပါစေ ....ဝသုန္ဓရေ ဤမြေပံသု သက်သေအမှု တည်ပါစေသာ" ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဖြိုးမြတ်အောင် ရဲ့ ၂၈ နှစ်ပြည့် မွေးနေ့ လေးကို ဆုမွန်းလေးတောင်းပေးလိုက်ပါဦးနော်..။

Photo Credit -Phyo Myat Aung
Photo Credit -Phyo Myat Aung

Photo Credit -Phyo Myat Aung

Source - Phyo Myat Aung 's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။