မောင်ဆိုတဲ့နာမည်လေးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ မင်းသားချော မောင်ကတော့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိပြီး ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် ဖန်တီးပုံဖော်နိုင်တဲ့ မောင်က အစ်မဖြစ်သူ နန္ဒာလှိုင်ရဲ့အနုပညာအမွေတွေကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင်က အနုပညာအလုပ်တွေကို ရပ်နားထားတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

မောင်က မိသားစုပိုင်တဲ့ ဒူးရင်းခြံလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ အာရုံစိုက် လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မောင်က Vlog ဗီဒီယိုလေးတွေရိုက်ကူးတင်ဆက်ရင်း ပရိသတ်တွေရဲ့အားပေးမှုကို ဆက်လက်ရရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အသစ်အဆန်းတွေကိုမှ တင်ဆက်ပေးလေ့ရှိတဲ့ မောင်နဲ့ ချစ်သူလေး ရီရီပွင့်ဖြူတို့ကတော့ အခုတစ်ခါမှာလည်း ကြက်အရိုးလွတ်ဟင်းကို ချက်ပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

မောင်တို့စုံတွဲလေးကတော့ ကိုယ်တိုင်ချက်ပြုတ်ထားကြတဲ့ ကြက်ကောင်လုံးအရိုးလွတ်ဟင်းကို နှစ်ယောက်တည်း အားရပါးရစားပြခဲ့ကြတာလည်း ဖြစ်ပါတယ်။ မောင်တို့စုံတွဲလေးက " ဒီတခါတော့ ကြက်တကောင်လုံးကို အရိုးတချောင်းမှမပါအောင်ထုတ်ပြီး အစာသွပ် အကောင်လိုက်ချက်ထားတာ...ကြည့်တော့သာ အသာလေး...ချက်လိုက်ရတာ အလုပ်တွေရှုပ်တာမမေးပါနဲ့တော့..ဒါပေမယ့် အဇမ်း အဇမ်း စားကောင်းပါတယ်လို့..အမြည်းအနေနဲ့လည်းလိုက်တယ်..တစ်ကောင်ကို တစ်ထိုင်တည်းပါပဲလို့" ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောမောင်တို့စုံတွဲလေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-"Sein Phyo & Yi" FB Page 

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။