ဖြူဖြူကျော်သိန်းတစ်ယောက် ကတော့ ပွင့်ပွင့်လင်းလင်း နဲ့ ရိုးသားတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုနေရပြီး ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားတာ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းကဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမူကိုတစ်ခဲနက်ရရှိခဲ့ကာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကလည်း ပရိသတ်ရင်ထဲမှာ နေရာယူခဲ့ပြီး အကြိုက်တွေ့စေခဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

Photo Credit - Heart
Photo Credit - Heart

အချစ်တော်လေး ဖြူဖြူကျော်သိန်း ကတော့ သူများတွေနဲ့ မတူတဲ့ အမိုက်စားဖက်ရှင်တွေကို အမြဲ ဝတ်ဆင်တက်တာကြောင့် ပရိသတ်တွေက ဖက်ရှင်ဘုရင်မလိုတောင် ခေါ်တက်ကြပါသေးတယ်..။ လတ်တလောမှာတော့ ဖြူဖြူကျော်သိန်း က ပရိသတ်တွေ အတွက် ထပ်တူကျစေမယ့် သီချင်းသစ်တွေကိုလည်း ထွက်ရှိတော့မယ်လို့ လည်းသိရပါတယ်နော်..။ ယခုတစ်ခါမှာလည်း ဖြူဖြူကျော်သိန်း မြင်သူတိုင်းငေးမောသွားစေလောက်မယ့် အမိုက်စား ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Heart
Photo Credit - Heart

ဒီပုံလေးတွေ ထဲမှာ ဖြူဖြူကျော်သိန်း က အနက်ရောင် အမိုက်စားဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ပြီး မတူညီတဲ့ အိုင်တင်လေးတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အချစ်တော်လေး ဖြူဖြူကျော်သိန်းက " ကြယ်လေးတွေတောင်ငေးမယ်...မင်းရဲ့အလှတရားအတွက်....အနမ်းတွေနဲ့ရေးခြယ်ခွင့်ပြုပ့ါ ဒီညအတွက် ပန်းချီကားတချပ် " ဆိုပြီး စကားလုံး လှလှလေးတွေနဲ့လည်း ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ အနက်ရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ လှရက်လွန်းနေတဲ့ အချစ်တော်လေး ဖြူဖြူကျော်သိန်း ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Heart
Photo Credit - Heart

Photo Credit - Heart

Source - Phyu Phyu Kyaw Thein 's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။