အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်ရဲ့ ကမ္ဘာကျော်ကွင်းလယ်လူ ကမ္ဘာပြောင်းရွှေ့ကြေးအများဆုံးစံချိန်တင်ထားတဲ့ ပြင်သစ်လက်ရွှေးစင် ပေါ့ဘာတစ်ယောက် တရုတ်နိုင်ငံကို အပန်းဖြေခရီးထွက်နေပါတယ်။

တရုတ်ပြည်မှာ အလည်အပတ်ရောက်ရှိနေတဲ့ ပေါ့ဘာတစ်ယောက်အနေနဲ့ သူနဲ့အတူ အီတလီစီးရီအေကလပ် ဂျူဗင်တပ်မှာ အတူကစားခဲ့ဖူးတဲ့ ကစားဖော်ဟောင်း လက်ရှိတရုတ်စူပါလိဂ်မှာ ကစားနေတဲ့ တီဗက်ကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်။

တီဗက်အနေနဲ့ ပေါ့ဘာနံပတ်နဲ့နာမည်ပါဝင်တဲ့ မန်ချက်စတာယူနိုင်တက်ဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး ပေါ့ဘာကလဲ တီဗက်ဝတ်စုံကိုဝတ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်မှာ ကစားခဲ့ဖူးတဲ့ တီဗက်က မန်ချက်စတာယူနိုင်တက်ကသူ့ကို စာချုပ်ဆက်မတိုးခဲ့သည့်အတွက် ပြိုင်ဘက်မန်စီးတီးကိုပြောင်းခဲ့ပြီး မန်ယူအသင်းနဲ့ဖာဂူဆန်ကိုမုန်းတယ်လို့ပြောခဲ့ဖူးချင်ကြောင့် ယခုတီဗက်အနေနဲ့ မန်ယူဝတ်စုံပြန်ဝတ်ပြတာ အံ့သြစရာဖြစ်လာတာပါ။

Hein

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။