ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ Mikisကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီးကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ်။ သဘောထားပြည့်ဝပြီး လူတိုင်းကို အပြုံးလေးတွေပြောဆိုဆက်ဆံတတ်တာကြောင့် ပရိသတ်တွေပိုမိုချစ်ခင်အားပေးရတဲ့ Mikisကတော့ ချောမောလှတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ 

Photo Credit- Mikis Weber's FB Acc
Photo Credit- Mikis Weber's FB Acc

Mikisကတော့ ချစ်သူလေးစုစုဝေကို ပရိသတ်တွေရှေ့ တရားဝင်ထုတ်ပြထားပြီး လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေ ချစ်ခင်ရတဲ့ ပြည်သူချစ်စုံတွဲလေးပဲဖြစ်ကာတစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေတာပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ ချစ်သူလေးစုစုဝေရဲ့ မွေးနေ့လေးပဲဖြစ်ပြီး Mikisကတော့ ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ အချိန်အတော်ကြာလက်တွဲလာတဲ့ ချစ်သူလေးရဲ့မွေးနေ့လေးမှာ ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလာခဲ့ပါတယ်။ 

Photo Credit- Mikis Weber's FB Acc
Photo Credit- Mikis Weber's FB Acc

Mikisကတော့ "  Happy Birthday Achit soneAmyarr gyi chit par tae   "ဆိုပြီးသူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ချစ်ရတဲ့ သူလေးကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် Mikisနဲ့ စုစုဝေတို့ စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source - Mikis Weber's FB Acc

Photo Credit- Mikis Weber's FB Acc
Photo Credit- Mikis Weber's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။