ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ K ညီကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ ဟာသတွေပြောတတ်ပြီး ပျော်ပျော်နေတတ်တဲ့ K ညီက အခွီဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ K ညီက ပေါင်းသင်းဆက်ဆံရေးကောင်းသလို အနုပညာမောင်နှမတွေအားလုံးနဲ့ အရမ်းကိုခင်မင်ရင်းနှီးနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-David K Nyi's FB Acc
Photo Credit-David K Nyi's FB Acc
Photo Credit-David K Nyi's FB Acc

လက်ရှိမှာတော့ K ညီတစ်ယောက် အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ K ညီက အမျိုးသားဝတ်ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး သူကိုယ်တိုင်ဦးစီးရောင်းချနေတာလည်း ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း K ညီတစ်ယောက် Facebook မှာ Live လွှင့်ပြီး စျေးရောင်းခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ K ညီက နေတိုးရဲ့အိမ်ကိုသွားပြီး အဆီကျကော်ဖီထုပ်တွေ လက်ဆောင်ပို့ပေးခဲ့ကြောင်း တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-David K Nyi's FB Acc
Photo Credit-David K Nyi's FB Acc
Photo Credit-David K Nyi's FB Acc

K ညီက " မနေ့ကLive လွှင့်တုန်းက Comment တွေနဲ့ နောက်နေတာ ပထမ comment က ခါးလားတဲ့ ဒုတိယ comment က သောက်ပြပါတဲ့ တတိယ commentက ဘယ်သူလဲကောသိရဲ့လား နောက်တစ်ခု သောက်ပြရင်ဝယ်မယ်တဲ့ နောက်ဆုံး commentက နို့တိုက်မိခင်တွေသောက်လို့မရဘူးဆိုတော့ နို့စို့ဖခင်တွေကော သောက်လို့ရလားတဲ့ဗျာ အဲ့လိုတွေရေးနေတာ ကိုနေတိုးမှန်းမသိခဲ့ဘူး Live ပြီးမှ ကိုနေတိုးမှန်းသိရလို့ ဒီနေ့ ကိုနေတိုးအိမ်ကို လက်ဆောင်သွားပေးတာ လက်ခံပေးတဲ့အတွက် အရမ်းပျော်တယ် ကိုနေ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာအားလုံးအတွက် သဘာဝအဆီကျကော်ဖီ SEM3"ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေအတွက် K ညီနဲ့ နေတိုးရဲ့ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-David K Nyi's FB Acc

Photo Credit-David K Nyi's FB Acc
Photo Credit-David K Nyi's FB Acc
Photo Credit-David K Nyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။