ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို ဖမ်းစားထားနိုင်တဲ့မင်းသမီးချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့ပြီး အခုဆိုရင် social influencerတစ်ယောက်အနေနဲ့ရော မင်းသမီးတစ်ယောက်အနေနဲ့ပါ ရပ်တည်အောင်မြင်နေပြီဖြစ်ပါတယ်။

Photo credit-Nay Chi Oo's Facebook page
Photo credit-Nay Chi Oo's Facebook page

နေခြည်ဦးဟာ ကြော်ငြာတွေ၊music videoတွေအပြင် ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ကားကြီးတွေကိုပါ အဆက်မပြတ်ရိုက်ကူးနေရတာပါ။ သူမပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိတ်သတ်တွေကြားမှာရေပန်းစား လူကြိုက်များခဲ့တဲ့ ကားကောင်းတွေပဲဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ဒီဇိုင်းဖက်ရှင်တွေဟာဆိုရင်လည်း အမြဲမိမိုက်နေတာကြောင့် ပရိတ်သတ်တွေရဲ့အားပေး၀န်းရံမှုကို ရရှိထားတာပါ။

Photo credit-Nay Chi Oo's Facebook page
Photo credit-Nay Chi Oo's Facebook page

နေခြည်ဟာ သူမရဲ့အနုပညာအလုပ်တွေအပြင် tik tokဗီဒီယိုလေးတွေလည်းရိုက်ကူးပြီး ပရိတ်သတ်တွေနဲ့အဆက်မပြတ်အောင် ကြိုးစားနေတဲ့သူလေးပါ။ မကြာသေးမီကလည်း သူမရဲ့ Facebook pageလေးမှာ "ဒီရာသီဥတုမှာ အမဲရောင်ဝတ်ရတာ ရိုးလာပြီဆို အနီရောင်လေး ပြောင်းဝတ်ကြည့်ပါလား" ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook page
Photo credit-Nay Chi Oo's Facebook page

Source-Nay Chi Oo's Facebook page

Photo credit-Nay Chi Oo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။