ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ Mrtv-4ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲ အတော်များများမှာ သရုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ Photo shootingတွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူလေးပါ။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပြစ်ချက်မရှိလှပလွန်းတဲ့ သူမရဲ့ မျက်နှာလေးကြောင့် ပုရိသတွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်......။

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

မေမြင့်မိုရ်က သူမ အားလပ်တဲ့ အချိန်လေးတွေနဲ့ Tiktok ဗီဒီယိုလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလျက်ရှိနေတဲ့အပြင် အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ Facebook , Instagramစတာတွေမှာ မကြာခဏဆိုသလို တင်ပေးလျက်ရှိနေသူဖြစ်လို့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာ အမှန်ပါပဲနော်။ မကြာသေးမီအချိန်ကလည်း မင်းသမီးချောလေး မေမြင့်မိုရ်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်......။ 

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

ရန်ကုန်မြို့ရဲ့ မီးရောင်စုံတွေကြားမှာ ဦးထုပ်လေးစောင်းကာ အထာကျကျ ပိုစ့်ပေးနေတဲ့ အလန်းစားပုံရိပ်လေးတွေကိုလည်း တင်ပေးလါတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ပြီး အကြိုက်တွေ့နေမိမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....... ။

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

Source & Photo credit - May Myint Mo's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။