သရုပ်ဆောင်တော်ပြီး အနုပညာအရည်အချင်းပြည့်ဝတဲ့ ချောရတနာကတော့ အကယ်ဒမီဆုရရှိထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ် ။ တစ်ချိန်က ဗီဒီယိုနဲ့ ရုပ်ရှင််ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့တဲ့ ချောရတနာက အခုတော့ ကလေးနှစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ချောရတနာက သားနဲ့သမီးကိုပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာ ဖြစ်ပါတယ် ...

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

ချောရတနာက သူမတို့မိသားစုရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာအမြဲတမ်းမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ သိုက်သိုက်ဝန်းဝန်းနဲ့ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ ချောရတနာတို့မိသားစုလေးကိုတော့ ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ် ။ ချောရတနာအနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ဂရုစိုက်ကြင်နာမှုကိုရရှိထားတာလည်း ဖြစ်ပါတယ်။ အခုလည်း ချောရတနာက သားသားလေးနဲ့ မီးမီးလေးရဲ့ ပုံလေးတွေကို တင်ပေးလါတာပါ.....။

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

အိုက်တင်မျိုးစုံထုတ်တက်နေပြီဖြစ်ပြီး အသည်းယားစရာကောင်းလွန်းတဲ့ သားသားလေးနဲ့ မီးမီးလေးရဲ့ ပုံလေးတွေကို ကြည့်ပြီး မေမေ ချောရတနာက ချစ်မဝဖြစ်နေကာ သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မင်းသမီးချောလေး ချောရတနာရဲ့ ကလေးနှစ်ယောက်ပုံကို ကြည့်ပြီး အသည်းယား အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.......။ 

Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account
Photo credit - Chaw Yadanar's FB account

Source & Photo credit - Chaw Yadanar's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။