အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တီဟမ်စပါးအသင်း၏ အင်္ဂလန်လက်ရွှေးစင်တိုက်စင်ကစားသမား ဟယ်ရီကိန်းက သူ့အနေဖြင့် လာမည့်ဘောလုံးရာသီအတွက်သွင်းယူလိုသည့်ဂိုးအရေအတွက်ကိူပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် တော့တီဟမ်စပါးအသင်း၏တိုက်စင်ကစားသမား ဟယ်ရီကိန်းက သူ့အနေနဲ့ လာမည့်ဘောလုံးရာသီမှာ ဂိုး ၅ဝလောက်သွင်းယူချင်ကြောင်းပြောခဲ့တာပါ။ ဒါ့အပြင် ဟယ်ရီကိန်းက ဘလွန်းဒီအော အကောင်းဆုံးကစားသမားဆုကိုလည်းချိန်ရွယ်နေပါတယ်။

ဟယ်ရီကိန်းအနေနဲ့ ဂိုးသွင်းနိုင်စွမ်းနဲ့ တိုးအားရုန်းအားမှာ ထိပ်တန်းအဆင့်ရှိပြီး အင်္ဂလန် ပရီးမီးယားလိဂ်တွင် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ကို ၂၀၁၅-၁၆ ဘောလုံးရာသီနှင့် ၂၀၁၆-၁ရဘောလုံးရာသီ ၂ရာသီဆက်တိုက် ဆွတ်ခူးထားနိုင်သော တိုက်စစ်မှူးတစ်ဦးဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။