ပရိသတ်တွေရဲ့ အမုန်းတွေကို ခွန်အားအဖြစ်ရယူကာ ကျွန်မက မဟေသီ ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ဗီလိန်ကာရိုက်တာလေးနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ သူကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်.။ သံသာက ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်စွာပုံဖော်နိုင်သူဖြစ်သလို ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်အဆင်တွေလည်း ထူးခြားကောင်းမွန်လွန်းသူဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ ဝါရင့် အနုပညာရှင်တွေရဲ့ ချီးကျူးခြင်းကို ခံရသူလည်းဖြစ်ပါတယ်......။

Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account

အမြဲမတူညီတဲ့ ကာရိုက်တာတွေကိုပဲ လက်ခံရိုက်ကူးလေ့ရှိတဲ့ သံသာက မကြာသေးမီအချိန်က MRTV-4မှာ ထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးထဲမှာ ဆတ်ဆတ်ထိမခံပဲ အမှန်တရားအတိုင်းသာဆောင်ရွက်လေ့ရှိတဲ့ ရှမ်းတိုင်းရင်းသူမလေး မေပျိုဖြူအဖြစ်ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်သလို ဘဝမှာ ကြုံတွေရတဲ့ ဖြစ်ပျက်သဘောတရားလေးတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်လို့ ပရိသတ်တွေ အကြိုက်တွေ့စေခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်မှာ အသေအချာပါပဲနော်....။ 

Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account

ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ အချစ်ဖွဲ့လေညင်းထဲက မေပျိုဖြူရဲ့ ပုံလေးတွေကို မကြာသေးမီအချိန်က သံသာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလာတာလည်းဖြစ်ပါတယ်။ ရိုးရှင်းလှပတဲ့ ရှမ်းမလေး မေပျိုဖြူရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ သံသာရဲ့ ဆက်လက်ပါဝင်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲလေးတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်.....။

Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account
Photo credit _ Than Thar Moe Theint's FB account

Photo credit _ Than Thar Moe Theint's FB account

Source _ Than Thar Moe Theint's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။