ပရိတ်သတ်ကြီးရေ......90 bornsလေးတွေရဲ့ အသည်းစွဲ အဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ Examplezအဖွဲ့ရဲ့ အဖွဲ့ဝင်ထွန်းထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အဆိုတော်တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိလာခဲ့တာဖြစ်ပြီး အောင်မြင်လာခဲ့တဲ့သူတစ်ဦးပါ။ ဒါ့ပြင်ထွန်းထွန်းဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ခြေလှမ်းသစ်တွေစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်အကယ်ဒမီမင်းသားချောတစ်ယောက်ပါ ဖြစ်နေပြီပဲဖြစ်ပါတယ်။

Photo Credit-Htin Aung Tun's Facebook acc
Photo Credit-Htin Aung Tun's Facebook acc

ထွန်းထွန်းဟာ နှင်းဆီအဖွဲ့သားတစ်ယောက်လည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက်အနေနဲ့ပါ ပရိတ်သတ်တွေကို ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်တစ်ဦးပါနော်။ သူဟာ ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားတာပါ။ ထွန်းထွန်းဟာ ခန္ဓာကိုယ်ကိုလည်း ဂရုတစိုက်လေ့ကျင့်လေ့ရှိသူဖြစ်ပြီးရင်ခုန်စွဲမက်ဖွယ်အမိုက်စားဘော်ဒီလေးပါနော်။

Photo Credit-Htin Aung Tun's Facebook acc
Photo Credit-Htin Aung Tun's Facebook acc

ထွန်းထွန်းဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့စတင်ခဲ့စဉ်က သူ့ရဲ့လက်ဦးဆရာဖြစ်တဲ့သူကတော့ ပရိတ်တွေရဲ့ရင်ထဲမှာယနေ့ထိတိုင် လွှမ်းမိုးထားနေဆဲဖြစ်တဲ့ မင်းသားချောကြီးဦးကျော်ဟိန်းပါနော်။ မကြာသေးမီကလည်း ထွန်းထွန်းဟာသူ့ရဲ့Facebookစာမျက်နှာတွင်"ကျွန်တော့် သရုပ်ဆောင်ဘဝ ထာဝရလက်ဦးဆရာ ဦးကျော်နဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံအရမ်းရှားပါတယ်" ဆိုတဲ့captionလေးနဲ့ အမှတ်တရပုံလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htin Aung Tun's Facebook acc
Photo Credit-Htin Aung Tun's Facebook acc

Source-Htin Aung Tun's Facebook acc

Photo Credit-Htin Aung Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။