တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ မင်းသား ဥက္ကာမင်းမောင် ကိုတော့ သိကြမယ်လို့ ထင်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေကို အရင်ကထပ်ပိုပြီးလုပ်ကိုင်တာကို မတွေ့ရတော့ပဲ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့သာ လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ လတ်ရှိမှာဆိုရင် ဥက္ကာမင်းမောင် က New York မြို့လေးမှာ ချစ်ရတဲ့ သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ 

Photo Credit - Okkar Min Maung
Photo Credit - Okkar Min Maung

ယခုမှာဆိုရင်လည်း ကပ်ရောဂါ အချိန်ကာလလေးမှာ ဆုံးပါးသွားတဲ့ ဖခင်အတွက် ရည်စူးပြီး New York မြို့လေးမှာပဲ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း ဥက္ကာမင်းမောင် က " ကွယ်လွန်သူ ဖခင်ကြီး၏ ၆၄ နှစ်ပြည့် မွေးနေ့အတွက်ရည်စူး၍ New York မြို့ Queensရှိ မြန်မာဘုန်းကြီးကျောင်းတွင် ညီမလေးနဲ့ နှစ်ယောက် ပေါင်းပြီး အလှူဒါနလေးပြုလုပ်ခဲ့ပါတယ်.. ဒီတခါတော့ ဘုန်းဘုန်းက ကျောင်းဆောင်ထဲကနေ မှန်တံခါးပိတ်ပြီး microphone လေးနဲ့ တရားဟောပေးတယ်.. ကျောင်းဆောင်အပြင်မှာ စပီကာလေးထားထားတော့ ကိုယ်က အပြင်ဘက်ကနေ ရေစက်ချတရားနာပေါ့..ဘုန်းဘုန်းတို့ ကျန်းမာနေတာမြင်ရတော့လဲ ဝမ်းသာတယ်..

Photo Credit - Okkar Min Maung
Photo Credit - Okkar Min Maung

ကိုရိုနာကာလဆိုတော့ ကိုယ်လဲ ဘုန်းဘုန်းတို့အတွက်စိတ်ပူတာလေ.. New York မှာနေတဲ့ မြန်မာများအားလုံးလဲ လှူချင်ရင် အဲ့လိုလှူလို့ရပါကြောင်း တခါထဲ သတင်းကောင်းပါးအပ်ပါတယ်..သုံးပါးကျောင်း ဆိုပြီး Facebook မှာ ရိုက်ထည့်လိုက်ရင် လိပ်စာ ဖုန်းနံပါတ်နဲ့တကွ ထွက်လာပါလိမ့်မယ်.. ဘုန်းဘုန်းက ကျောင်းထဲကနေ တရားဟောပေးပါတယ်...ဒီကနေ့ ပြုသမျှ ကုသိုလ်ကောင်းမှူ အစုစု ဖေကြီး ရပါစေ.. ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ ဖေကြီး.. သားတို့ အားလုံး သတိရပါတယ်" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေးမှာ ရေးသားဖော်ထားပါသေးတယ်။ ပရိသတ်ကြီးရေ ဖခင်အတွက် အလှူလေးပြုလုပ်ပေးခဲ့တဲ့ ဥက္ကာမင်းမောင် ကို ဆုမွန်းကောင်းလေး တောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Okkar Min Maung
Photo Credit - Okkar Min Maung

Photo Credit - Okkar Min Maung

Source - Okkar Min Maung facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။