ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏သမ္မတကြီး ဒေါ်နယ်ထရန့်၏သား ဘေရွန်ထရန့်သည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ ပရိသတ်တစ်ဦးဖြစ်သည်ဟု သတင်းမီဒီယာသအားများကထင်မြင်ယူဆလျက်ရှိသည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်ပြည်ထောင်စု၏သမ္မတကြီး ဒေါ်နယ်ထရန့်သည် သားဖြစ်သူ ဘေရွန်ထရန့်နဲ့အတူ တွေ့ရစဉ်က ဘေရွန်ထရန့်ကို အာဆင်နယ်အသင်း၏ ဘောင်းဘီနဲ့ခြေအိတ်ကိုဝတ်ဆင်ကာ ဘောကန်ဖိနပ်နဲ့အတူတွေ့ရသောကြောင့် အာဆင်နယ်ပရိသတ်ဟု ထင်မြင်ရခြင်းဖြစ်သည်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေနဲ့ အမှတ်ပေးဖလားနဲ့ဝေးနေရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီးဖြစ်သလို ယခုဘောလုံးရာသီအတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားဘဲ FAဖလားတစ်လုံးနဲ့သာ ကျေနပ်ခဲ့ရသည်။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။