မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ ဖြူဖွေးဝင်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲမှာနေရာယူထားတာဖြစ်ပါတယ်နော်။ ရွှေကစ်ဟာအနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုတိုင်အောင်ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်းသိမ်းပိုက်ထားနိုင်တဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင်ကိုကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်လို့ပြောရင်လည်းမှားမယ်မထင်ပါဘူးနော်။

Photo Credit-Wutt Hmone Shwe Yi's Facebook page
Photo Credit-Wutt Hmone Shwe Yi's Facebook page

ရွှေကစ်လေးဟာ ဖက်ရှင်နဲ့ပက်သက်ရင်လည်းအပြစ်ပြောစရာမရှိအောင်ကို အမြဲစတိုင်ကျနေတာပါ။ သူမရဲ့ခန္ဓာကိုယ်အချိုးအစားလေးဟာလည်း ဘာဝတ်ဝတ်ကိုလိုက်ဖက်တဲ့သေးသွယ်ကျစ်လျစ်တဲ့အမိုက်စားဘော်ဒီလေးဖြစ်ပါတယ်။ ရွှေကစ်ဟာ ပြည်တွင်းမှာသာမက ပြည်ပထိပါ ထိုးဖောက်နိုင်နေပြီဖြစ်တဲ့မင်းသမီးချောလေးဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's Facebook page
Photo Credit-Wutt Hmone Shwe Yi's Facebook page

ရွှေကစ်ရဲ့ ညီမလေးဖြစ်တဲ့နဒီရွှေရည်ဟာလည်း အခုအခါမှာဆိုရင်ချစ်ဖို့ကောင်းတဲ့သားလေးတစ်ယောက်ကိုလည်း ရရှိနေပြီဖြစ်ပြီး ရွှေကစ်တို့တစ်အိမ်လုံးရဲ့အသည်းစွဲလေးဖြစ်ပါတယ်။ ရွှေကစ်ဟာမကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "ကစ်ချစ်ရတဲ့ မိသားစုနဲ့ ခရီးလေးတခု" ဆိုတဲ့captionလေးနဲ့မိသားစုစုံစုံညီညီနဲ့ဘားအံကိုရောက်ရှိနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wutt Hmone Shwe Yi's Facebook page
Photo Credit-Wutt Hmone Shwe Yi's Facebook page

Source-Wutt Hmone Shwe Yi's Facebook page

Photo Credit-Wutt Hmone Shwe Yi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။