ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်ဒွေးကတော့ သဘာဝမင်းသားကြီးလို့ ချီးကျူးခံရတဲ့အထိ တစ်ခေတ်မှာ အောင်မြင်မှုတွေကို သိမ်းပိုက်ခဲ့တဲ့ အနုပညာရှင်တစ်လက်ပဲဖြစ်ပါတယ်။ဒွေးဟာဆိုရင် အချိန်မတိုင်သေးဘဲ အကြွေစောခဲ့ရတာဖြစ်ပြီး ပရိသတ်တွေနဲ့အနုပညာအသိုင်းအဝန်းကလည်း အရမ်းနှမျောခဲ့ကြပါတယ်နော်။ဒွေးသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ယနေ့ခေတ်ထိတိုင် ပရိသတ်တွေကအားပေးနေကြဆဲဖြစ်ပါတယ်။

Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account

လက်ရှိမှာဆိုရင် ဒွေးရဲ့ချစ်ဇနီး မိုးမိုးကလည်း သားသမီးတွေနဲ့အတူ အေးအေးချမ်းချမ်းနဲ့နေထိုင်နေတာဖြစ်ပါတယ်။ဒွေးရဲ့သမီးလေး ဆည်းလည်းလေးဆိုရင် ဖေဖေ့ရဲ့သွေးလေးပါလို့ အနုပညာကို ဝါသနာပါပြီး အသက်ငယ်ငယ်လေးနဲ့ အနုပညာအလုပ်တွေအနည်းအကျဉ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ပရိသတ်တွေက ဒွေးကိုလည်းအားပေးကြသလို သူ့ရဲ့သမီးချောလေးဆည်းလည်းလေးကိုလည်း ချစ်ကြပါတယ်နော်။

Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ ဆည်းလည်းရဲ့မေမေ ဒေါ်မိုးမိုးရဲ့မွေးနေ့လေးဖြစ်ပြီး မွေးနေ့လေးမှာ ငယ်ဘဝကအမှတ်တရပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။ဒေါ်မိုးမိုးကလည်း ငယ်ငယ်ကတည်းက အရမ်းလှခဲ့တဲ့သူဖြစ်ပြီး ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုနေတာပါနော်။ဆည်းလည်းတို့သားအမိနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account
Photo Credit:Sel Lae's Facebook Account

Source&Photo Credit:Sel Lae's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။