ပရိသတ်တွေရဲ့ အချစ်တွေကို ချစ်စရာကောင်းလွန်းတဲ့ Tik Tok ဗီဒီယိုလေးနဲ့ ပုရိသပရိသတ်တွေရဲ့  အသည်းတွေခြွေယူ ဖမ်းစားထားတဲ့ ပြည်သူ့အချစ်တော် အသည်းကျော်လေးကတော့ မော်လ်ဒယ်သရုပ်ဆောင် ရွှေမဘုံပဲ ဖြစ်ပါတယ်နော်..။

Tik Tok ဗီဒီယိုလေးနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ ရွှေမဘုံကတော့ မန်ယူဖန်တစ်ယောက်ဖြစ်ပြီး မန်ယူကို အားပေးတဲ့အကြောင်းလေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။


Photo Credit - Shwe Ma Bon's Fb Account
Photo Credit - Shwe Ma Bon's Fb Account

မန်ယူရဲ့ အမာခံပရိသတ်တစ်ယောက်အနေနဲ့ မန်ယူရဲ့ အောင်ပွဲတွေအတွက် ဂုဏ်ယူကာ ပျော်နေသလို Bonchester United ဆိုပြီး တင်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

“Bonchester United ဆိုပြီး တင်ခဲ့တာက အဲ့နေ့က ဘာရယ်မဟုတ်ပါဘူး မနေ့က မန်ယူကန်တာနိုင်တယ် ဒီနေ့မှာ ဘောလုံးအင်္ကျီဝတ်ပြီး Music Video ရိုက်ရတယ် တိုက်တိုက်ဆိုင်ဆိုင် မန်ယူအင်္ကျီဝတ်ရတယ်ဆိုတော့ Tik Tok လည်း ဆော့လိုက်တယ် အဲ့ကြောင့် တင်လိုက်တာပါ အဲ့ဒါကိုလည်း အပြောခံရတယ် ဆိုက်က္ကားတွေ ပျော်နေကြတယ်ဆိုပြီး အရမ်းလေတိုက်ခံရတယ်..” ဆိုပြီး ပြောပြထားတာပါ..။


Photo By Myanmarload
Photo Credit - Shwe Ma Bon's Fb Account

“မန်ယူဆိုရင် ဝိုင်းပြောမယ့်လူတွေရှိလို့ သိပ်မပြောရဲဘူး တစ်ခါတစ်လေဘာမှ မဟုတ်ဘဲတင်လိုက်တာလေးကို ဘောလုံး Group ထဲ ရောက်ရောက်သွားလို့ အရမ်းအဆဲခံရလို့ သိပ်ပြီးဘာမှ မပြောပါဘူး မန်ယူနိုင်ရင်တောင် သိပ်ဖုန်မထရဲဘူး ဆိုက်ကားတွေ ပျော်နေပြီဆိုပြီးလေ အရမ်းတိုက်ခံရတယ်..” ဆိုပြီးတော့လည်း ရယ်ရယ်မောမောနဲ့ ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်..။

မန်ယူဖြစ်နေလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ယုံကြည်တဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားသေးတဲ့ ပရိသတ်အချစ်တော်လေး ရွှေမဘုံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Shwe Ma Bon's Fb Account
Photo Credit - Shwe Ma Bon's Fb Account

Photo Credit - Shwe Ma Bon's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။