ဝါရင့်သရုပ်ဆောင် မင်းသားကြီးလွင်မိုးရဲ့သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြော်ငြာမင်းသမီးလေးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုခြင်းခံထားရတဲ့ ယွန်းဝတီလွင်မိုးက ကြော်ငြာတွေလည်းအများအပြားရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက ချစ်ခင်ပွန်းနဲ့ သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတာ ဖြစ်ပါတယ်။

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page

သားလေးတစ်ယောက် ပိုင်ဆိုင်ထားရတဲ့ ယွန်းဝတီလွင်မိုးက ကလေးတစ်ယောက်မေမေလို့ မထင်ရလောက်အောင်ကို အပျိုလေးတုန်းကအတိုင်း နုပျိုလှပနေတာ ဖြစ်ပါတယ်။ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းထားနိုင်တဲ့ ခေးက မျက်နှာလေးကအစ ဘိုဆန်ဆန်လေး လှနေတာ ဖြစ်ပါတယ်။ အခုလည်း ခေးက ရေချိုးပြီးကာစပုံစံလေးကနေ ချက်ချင်းဆိုသလို ဆွဲဆောင်မှုရှိရှိလှနေတဲ့ပုံစံလေးကို ပြောင်းလဲပြလိုက်တာ ဖြစ်ပါတယ်။ 

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page

ပျိုမျစ်နုနယ်တဲ့အလှတရားတွေနဲ့ ထိရက်စရာမရှိအောင်လှနိုင်လွန်းတဲ့ ခေးကတော့ အမိုက်စား Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ်။ ရွှေဝါရောင်ဆံနွယ်လေးတွေနဲ့ အရမ်းကို လိုက်ဖက်လွန်းတဲ့ ခေးက အလန်းစားဖက်ရှင်လေးနဲ့ အရမ်းကိုထိမိနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Yun Waddy Lwin Moe's FB Page

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။