ပရိတ်သတ်ကြီးရေ....ပေါချောလို့လည်း ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးချောရတနာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများကို အောင်မြင်အောင်ရိုက်ကူးထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ချောရတနာဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက အငြိမ့်ကရာမှာလည်းပါရမီပါပြီး ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့သူဆိုလည်း မမှားပါဘူး။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာ အခုလက်ရှိမှာဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ချောရတနာဟာမိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်သူဖြစ်တာကြောင့် နောက်ပိုင်းတွင် အနုပညာလှုပ်ရှားမှုနည်းပါးသွားတာလည်းဖြစ်ပါတယ်နော်။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

ချောရတနာဟာ အိမ်မှာနေရင်းနဲ့လည်းtik tokဗီဒီယိုတွေကို အပျော်ရိုက်ကူးလေ့ရှိတဲ့သူပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် အေသင်ချိုဆွေရဲ့သီချင်းလေးကိုနောက်ခံထားပြီး ဂစ်တာလေးကိုင်ကာ ရိုက်ထားတဲ့ tik tokဗီဒီယိုလေးကိုတင်ပေးလာပြန်ပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chaw Yadanar's Facebook acc
Photo credit-Chaw Yadanar's Facebook acc

Source-Chaw Yadanar's Facebook acc

Photo credit-Chaw Yadanar's Facebook acc

Video Credit-Chaw Yadanar's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။