JYP Entertainment က band တစ်ခုဖြစ်တဲ့ Day6 band ကတော့ Valorant game ရဲ့ vandal song ကိုရေးပေးဖို့ဆန္ဒရှိနေပါတယ်။

Day6 band က vocalist ဖြစ်တဲ့ Park “Jae” Jae-hyung ဟာဆိုရင်လည်း သူ့ရဲ့ twitter အကောင့်မှာ Valorant ရဲ့ post ကို share ပြီး “Can day6 writ your vandal song “ ဆိုပြီးတင်ထားတာကိုလည်း တွေ့ရပါတယ်။

Jae ကတော့ hardcore gamer တစ်ဦးလည်းဖြစ်သလို သူ့ရဲ့အားလပ်ချိန်တွေမှာ League of Legends ကိုအမြဲကစားတတ်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ Jae အနေနဲ့ valorant game ကိုပါစိတ်ဝင်စားလာပုံရှိပြီး အခုလို vandal song ရေးပေးရမလားဆိုပြီး post တင်ခဲ့တာပဲဖြစ်ပါတယ်။

Day6 အခုလိုမပြောခင် အရင်ကတော့ Korean singers တွေဖြစ်ကြတဲ့ nafla , PENOMECO နဲ့ YUNHWAY တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ 12 ရက်နေ့က OPERATOR လို့အမည်ပေးထားတဲ့ valorant ကို ရည်ညွှန်းထားတဲ့ သီချင်းထွက်ရှိထားပါသေးတယ်။

ဘော်ဒါတွေ ကြည့်ရှုနိုင်စေဖို့အတွက်လည်း OPERATOR သီးချင်း Music Video ကိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ပါတယ်။

source - Day6 Jae twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။