သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ ယနေ့အချိန်အထိတိုင်အောင် ဇာတ်လမ်းတွဲတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း လင်းဇာနည်ဇော်က ချစ်စရာကောင်းတဲ့သမီးချောလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် လင်းဇာနည်ဇော်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေခေါက်ဆွဲကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Lin Zar Ni Zaw's FB Acc
Photo Credit-Lin Zar Ni Zaw's FB Acc
Photo Credit-Lin Zar Ni Zaw's FB Acc

လင်းဇာနည်ဇော်တို့ညီအစ်မရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ရွှေခေါက်ဆွဲလုပ်ငန်းက နာမည်ရပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မနက်မှာတော့ လင်းဇာနည်ဇော်က သရုပ်ဆောင်မေသန်းနုရဲ့အိမ်ကိုသွားရောက်ပြီး ရွေခေါက်ဆွဲပွဲတွေပြင်ဆင်ပေးခဲ့ရတာလည်း ဖြစ်ပါတယ် ။ လင်းဇာနည်ဇော်ကတော့ အစ်မလိုချစ်ခင်ရတဲ့ မဆင့်က သူမဆီကနေ ရွှေခေါက်ဆွဲတွေမှာယူအားပေးတာကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Zin Yaw Mg Mg's FB Acc
Photo Credit-Lin Zar Ni Zaw's FB Acc
Photo Credit-Lin Zar Ni Zaw's FB Acc

လင်းဇာနည်ဇော်က "ချစ်မ(မဆင့်)အိမ်မှာအရုဏ်ဆွမ်းကပ် အစ်မရေ ကားမရိုက်ရသေးခင် ငယ်ဘဝလေးကိုပြန်သတိရမိပါတယ်..အစ်မနဲ့ခရီးတွေတူတူထွက် အစစသင်ပြကူညီပေးလို့ ကိုယ့်အစ်မတစ်ယောက်လိုချစ်ခဲ့ရတာ..ခုတော့ကိုယ်ချစ်ရတဲ့ကိုယ့်အစ်မကကိုယ့် ခေါက်ဆွဲ လေးအားပေးတော့ ချစ်ပြီးရင်းချစ်ပေါ့" ဆိုပြီး မဆင့်နဲ့အမှတ်တရလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မဆုံတာကြာလို့ စကားတပြောပြောနဲ့ ပျော်ရွှင်နေတဲ့ လင်းဇာနည်ဇော်နဲ့ မေသန်းနုတို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Lin Zar Ni Zaw's FB Acc

Photo Credit-Lin Zar Ni Zaw's FB Acc
Photo Credit-Lin Zar Ni Zaw's FB Acc
Photo Credit-Lin Zar Ni Zaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။