ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်တာကြောင့်လည်း အားလုံးက အချစ်ပိုနေရသူ တစ်ယောက်ပါ။
မိုးဟာ သားလေးမွေးပြီးနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးလာပြီး ကြော်ငြာလေးတွေလည်း တောက်လျှောက် ရိုက်ကူးဖြစ်နေတာပါ။ ဒီနေ့လေးကတော့ သရုပ်ဆောင် မိုးယုစံရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ရက်မြတ်လေးမှာ ပရိသတ်တွေကို ဝမ်းသာစရာကောင်းတဲ့ သတင်းလေးတစ်ခု ကို မိုးယုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။ " Happy birthday to me
ဒီနှစ်မွေးနေ့ကတော့အမှတ်တရပါပဲ သတင်းထူးလေးပါပါတယ်လို့
11.7.2020 " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။
သူမရဲ့ ခင်ပွန်းကတော့ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့ ချစ်ဇနီးလေးကို " Happy birthday to my wifey . May you be happy , healthy and wealthy with our little cuties. Have a very pleasant days and nights to you with roses and sunsets. Happiness always come from deep inside of your heart,not anywhere. I am always happy with you because you are placed deep inside. Btw, Have a very congratulation to you with another melons in your wormy. Be strong, cool and become mother of 2 little bunnies. Have a great and happy birthday to you!!!!!" ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာပါ။ ပရိသတ်တွေအတွက် မွေးနေ့လေးမှာ ဒုတိယကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့သတင်းကြောင့် ထပ်ဆင့်ပျော်ရွှင်ကြည်နူးနေရတဲ့ မင်းသမီးလေး မိုးယုစံရဲ့ သတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Moe Yu San’s and Swam Thu’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။