တစ်ချိန်က တီဗွီ ကြော်ငြာမှာအမြဲတွေ့ခဲ့ရတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ သူ့ရဲ့ မိသားစုနဲ့အတူ ပြည်ပကို ရောက်ရှိနေပြန်ပါတယ်။

အမေရိကန်နိုင်ငံ Las Vegas မြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ စမိုင်းလ်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ မင်္ဂလာဆောင်လေးပြန်လုပ်ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာလောကနဲ့ အတော်လေးအဆက်သွယ်ပြတ်သွားတဲ့ စမိုင်းလ်ဟာ မြန်မာပြည်မှာလည်း မိသားစုလိုက် ပရဟိတအလှုအတန်းတွေ မကြာခဏလုပ်လေ့ရှိပြီး သမီးနှစ်ယောက်နဲ့အတူ ပျော်စရာမိသားစုဘဝလေး ပိုင်ဆိုင်ထားတာပါ။

စမိုင်းလ်တို့ ဇနီးမောင်နှံဟာ တစ်နှစ်မှာ တစ်ခါ အခုလို မင်္ဂလာနှစ်ပတ်လည်အဖြစ် မင်္ဂလာဆောင်ပြန်ကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ ခင်ပွန်းဖြစ်သူက ထူးထူးခြားခြားအနေနဲ့ Surprise လုပ်ခဲ့တဲ့အတွက် ဟယ်လီကော်ပတာ ကို ပထမဆုံး စီးဖူးတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပမှာ ရောက်နေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံဟာ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး နှစ်ယောက်သားကြည်ကြည်နူးနူးနဲ့ အချစ်တွေပိုတိုးလာတာကို တွေ့ရမှာပါ။

စမိုင်းလ်တစ်ယောက် ခင်ပွန်းနဲ့အတူ ရဟတ်ယာဉ် စီးပြီး Vegas မှာ အတော်လေးပျော်နေတဲ့ပုံပါပဲ။  

သတင်းအရင်းမြစ် smile fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။