ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာ ရရှိလာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ဖြူစင်တဲ့အပြုံးလေးတွေ၊ ပွင့်လင်းဖော်ရွေတဲ့အပြောအဆိုလေးတွေကလည်း ပရိသတ်တွေရဲ့ရင်ကိုထိမှန်သွားလို့ ဖြူဖြူထွေးကို တစ်ခဲနက်အားပေးလာကြတာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသလို ကြော်ငြာတွေအများအပြားကိုလည်း အခုနောက်ပိုင်းမှာ လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

ဖြူဖြူထွေးက သူမကိုယ်တိုင်ကြိုးစားရှာဖွေတဲ့ ဝင်ငွေနဲ့ မိဘတွေကိုလည်း လိုလေသေးမရှိအောင်ထားပေးသလို အလှူအတန်းဆိုလည်း လက်မနှေးပဲ မကြာခဏလုပ်ဆောင်တဲ့သူပါနော်။ ဖြူဖြူထွေးက အခုလတ်တလောမှာဆိုရင် အနုပညာအလုပ်တွေရှားပါးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို ခေါ်ပြီး ကြော်ငြာအတူတူရိုက်ကာ ဆန်၊ဆီ၊ငွေကြေးတို့နဲ့လည်း တတ်နိုင်သလောက် ကန်တော့လိုက်သေးတာဖြစ်ပါတယ်။ သူမရဲ့ စေတနာကြောင့်လည်း များများအကျိုးပေးနေတာလည်း မျက်မြင်ပဲ ဖြစ်ပါတယ်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

ယနေ့မှာတော့ ဖြူဖြူထွေးက ပညာရေးအတွက် ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ကနေ YVCT Kindness Ambassador ခန့်အပ်ခြင်းကို ထိုက်တန်စွာရရှိလိုက်တာလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ကြိုးစားမှုတွေနဲ့ စိတ်စေတနာတွေက ရောင်ပြန်ဟပ်နေတာပါနော်။ ကဲ ပရိသတ်တွေကလည်း ဖြူဖြူထွေးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း မပြတ်တမ်း အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Phyu Phyu Htwe's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။