ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော စိုးပြည့်သဇင်ကတော့ အနုပညာလမ်းကြောင်းမှာ နှစ်အတော်ကြာ အောင်မြင်မှုများစွာ သိမ်းပိုက်ထားပြီး ရပ်တည်နေသူလေးပါ။ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပဲ ဖြစ်ပါတယ်။ မိဘအပေါ်မှာလည်း သိတက်လိမ္မာလွန်းတဲ့ စိုးပြည့်ကို ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ အချစ်ပိုနေကြတာပါ...။

Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account

ယနေ့ ဇူလှိုင်လ ၁၁ရက်နေ့လေးကတော့ ကွန်လွန်သွားရှာပြီဖြစ်တဲ့ မင်းသားကြီး ဒွေးရဲ့ ၁၃နှစ်ပြည့်ပဲ ဖြစ်ပါတယ်။ ယခုလို နေ့လေးမှာပဲ တခေတ်တခါကနာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားကြီး ဦးကျော်ဟိန်းကလည်း ပျံလွန်တော်မှုသွားပြီလို့ သိရပါတယ်။ ပျံလွန်မှုအတွက် အနုပညာရှင်များက ဝမ်းနည်းပူဆွေးနေကြတာလည်း ဖြစ်ပါတယ်။ စိုးပြည့်ကလည်း ဦးကျော်ဟိန်း ပျံလွန်မှုအတွက် ယခုလို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာပါ....။

Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account

"ဦးဇင်းပျံလွန်တော်မူသွားပြီ...ကိုယ့်အနုပညာသက်တမ်းတစ်လျှောက်ဦးဇင်းနဲ့တကားမှမဆုံခဲ့ရပါဘူး..သူ့ပညာတွေကိုလည်းမသင်ကြားခဲ့ရပါဘူး...တခါလေးဘဲစစ်စီးတောကိုဦးဇင်းလာတုန်းကမြင်ဖူးလိုက်တယ်...အဲ့ဒါပထမဆုံးပါဘဲ....ခုတော့ပျံလွန်တော်မူသွားခဲ့ပြီ...ကောင်းမွန်တဲ့အလုပ်တွေနဲ့ဘဝကိုအဆုံးသတ်သွားလို့ကောင်းကျိုးတွေခံစားရမယ်လို့ယုံကြည်ပါတယ်....ထူးဆန်းတာလေးကတော့ကိုသားကြီးကွယ်လွန်တာနဲ့တစ်ရက်ထဲတိုက်ဆိုင်နေတာပါဘဲ....အရမ်းတော်တဲ့အနုပညာရှင်နှစ်ဦးဆုံးရှုံးမှုအတွက်ဝမ်းနည်းရပါတယ်.." ဆိုပြီး ရေးသားထားတာဖြစ်လို​့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account

Source & Photo credit - Soe Pyae Thazin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။