ပရိသတ်ကြီးရေ ခင်သဇင်က ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး မြန်မာဝတ်စုံလေးတွေကို အများဆုံးဝတ်ဆင်တက်သူဖြစ်တာကြောင့် ပုရိသတွေရဲ့ အသည်းစွဲ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ခင်သဇင် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်သဇင် ဟာ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာပါဝင်သရုပ်ဆောင်နေတဲ့အပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ဒါ့အပြင် ခင်သဇင် ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်ပေးနေတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးတာကိုလည်းတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ပရိသတ်တွေ ရင်ခုန်စရာကောင်းလောက်စေမယ့် ဆွဲဆောင်မှုရှိတဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ဒီပုံလေးတွေ ထဲမှာတော့ ခင်သဇင်က လွတ်လပ်ပေါ့ပါး တဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ နေကြာပန်း ခင်းကြီးရဲ့ အလှတရားတွေနဲ့ မြင်သူတိုင်း ရင်ခုန်သွားအောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ခင်သဇင်က "မင်းသာ နေမင်းကြီးဆို မင်းရှိတဲ့ အရပ် မျက်နှာ ပြုတဲ့ နေကြာပန်းလေးပဲ ဖြစ်ချင်တာ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ နေကြာပန်းခင်းကြီးရဲ့ အလှတရားတွေနဲ့ အပြိုင် ကြွေရက်စရာကောင်းတဲ့ ခင်သဇင် ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Khin Thazin

Photo Credit - Khin Thazin

Source - Khin Thazin's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။