ပရိသတ်ကြီးရေ.. ဒီကနေ့ ဇူလိုင်(၁၁)နေ့ကတော့ ဦးကျော်ဟိန်း ကွယ်လွန်းဆုံးသွားတဲ့အတွက် အနုပညာရှင်တွေအပြင် ပရိသတ်တွေကိုပါ ဝမ်းနည်းစေတဲ့ တစ်ရက်လေးပဲ ဖြစ်ပါတယ်နော်..။

ဦးကျော်ဟိန်းဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက အနုပညာအလုပ်တွေကို ရပ်နားကာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပြီး ဆရာတော် ဦးကိတ္တိသာရအဖြစ် ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ သီတင်းသုံးနေတာ ဖြစ်ပြီး ဒီကနေ့ ဇူလိုင် (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၉) နာရီ (၂၇) မိနစ် အချိန်မှာ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Thar Nyi's Fb Account
Photo Credit - Thar Nyi's Fb Account

သက်တော်(၇၃) နှစ်မှာ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ကွယ်လွန်တဲ့ ဒီကနေ့ဇူလိုင်(၁၁)ရက်နေ့လေးကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီးရဲ့ ကွယ်လွန်တာ (၁၃) နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်နော်..။

အနုပညာလောကအတွက် တန်ဖိုးမဖြတ်နိုင်အောင် ချစ်ခင်လေးစားရတဲ့ ဦးကျော်ဟိန်း ကွယ်လွန်ခြင်းအတွက် အားလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်ကြသလို ဝါရင့်အနုပညာရှင်ကြီး ဦးကျော်သူကလည်း စိတ်မကောင်း ဝမ်းနည်းတဲ့အကြောင်းလေး ရေးသားပြောပြလာပါတယ်နော်..။

Photo Credit - Thar Nyi's Fb Account
Photo Credit - Kyaw Thu's Fb Account

"သားကြီး ထွက်ခွါ

ခဲ့တဲ့ (၁၃)နှစ်မြောက်မှာ

ဦးကျော် ထွက်သွားပြန်ပြီဗျာ.." ဆိုပြီး ဦးကျော်ဟိန်းကွယ်လွန်ခြင်းအတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းနေတဲ့အကြောင်းလေး ရေးသားထားတာ ဖြစ်ပါတယ်..။

အနုပညာရှင်တွေအားလုံးနဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းနေကြတဲ့အကြောင်းလေးတွေကို ကိုယ်စီရေးသားပြောပြထားကြပြီး ဦးကျော်ဟိန်းတစ်ယောက် ကောင်းရာသုဂတိလားဖို့ကိုလည်း ဆုတောင်းပေးထားကြပါတယ်နော်..။

Photo Credit - Thar Nyi's Fb Account
Photo Credit - Thar Nyi's Fb Account

Source & Photo Credit - Kyaw Thu's Fb Account & Thar Nyi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။