မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အပြစ်ကင်းစင်တဲ့ အပြုံးလှလှလေးတွေနဲ့ အရမ်းကိုရိုးသားဖြူစင်တဲ့ တိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ် ။ သက်မွန်မြင့်ကိုတော့ ချစ်သက်လို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြပြီး လူကြီးလူငယ်မရွေး အားပေးချစ်ခင်ကြတာလည်း ဖြစ်ပါတယ် ။ ပရိသတ်ချစ်ရတဲ့ မင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ ချစ်သက်က သူမရဲ့နာမည်နဲ့ဂုဏ်ကိုလည်း ယနေ့တိုင်အောင် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ် ။

Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page

ချစ်သက်ကတော့ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက် မွေးဖွားထားတဲ့ ကလေးမေမေဖြစ်ပြီး ကလေးတွေတစ်ဖက်နဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ စီးပွားရေးလုပ်ငန်းကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ "Sweet Child of TN & TM" ဆိုတဲ့ ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် သူမရဲ့အပျော်တွေကိုမျှဝေပေးလေ့ရှိတဲ့ ချစ်သက်က အခုလည်း ချစ်ခင်ပွန်းနဲ့အတူ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page

ချစ်သက်က "တွေ့ရာနေရာမှာ ရအောင်အိပ်တတ်သူချစ်ဇနီး" ဆိုပြီး ချစ်ခင်ပွန်းရဲ့ပေါင်ပေါ်မှာ အပီအပြင်အိပ်ပျော်နေတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ အိပ်ချင်မူးတူးရုပ်လေးနဲ့တောင် အရမ်းချစ်ဖို့ကောင်းနေတဲ့ ချစ်သက်ကတော့ ချစ်ခင်ပွန်းကိုကပ်ချွဲနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သက်မွန်မြင့်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Thet Mon Myint's FB Page

Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။