ပရိသတ်ကြီးရေ သရုပ်ဆောင်စည်ဖြိုးကတော့ အရမ်းချစ်စရာကောင်းပြီး ငယ်ရွယ်လှပတဲ့ ချစ်သူချောချောလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခင်လွှမ်းကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ချစ်သူနှစ်ယောက်က ဝါသနာတူ၊စိတ်တူ၊ကိုယ်တူနဲ့ အတိုင်အဖောက်ညီကြပါတယ်နော်။လက်ရှိမှာဆိုရင် စည်ဖြိုးတို့ ချစ်သူနှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Photo Credit:Khin Hlwan's Facebook Account
Photo Credit:Khin Hlwan's Facebook Account
Photo Credit:Khin Hlwan's Facebook Account

စည်ဖြိုးတို့မိသားစုကလည်း သဘောကောင်းပြီးအေးချမ်းတဲ့မိသားစုလေးဖြစ်လို့ ခင်လွှမ်းကိုလည်း သမီးရင်းလေးလိုချစ်ခင်ကြပါတယ်။ခင်လွှမ်းကိုယ်တိုင်ကလည်း လိမ္မာရေးခြားရှိပြီး သိတတ်တဲ့အပြင် စည်ဖြိုးမေမေရဲ့စီးပွားရေးလေးတွေကိုလည်း ကူညီပေးနေတာပါနော်။စည်ဖြိုးကလည်း ချစ်သူလေးကို အရမ်းချစ်ပြီး စိတ်ချမ်းသာအောင်ထားပေးပါတယ်နော်။

Photo Credit:Khin Hlwan's Facebook Account
Photo Credit:Khin Hlwan's Facebook Account

စည်ဖြိုးတို့ချစ်သူနှစ်ယောက်က အရမ်းအတွဲညီကြလို့ ပရိသတ်တွေကလည်း ချစ်ကြပြီး စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။ချစ်သူခင်လွှမ်းရဲ့မွေးနေ့လေးမှာဆိုရင်လည်း တမူထူးခြားတဲ့ လက်ဆောင်လေးပေးခဲ့သလို အချိန်အပြည့်ပေးပြီး ညစာလည်းအတူတူစားခဲ့ကြတာပါ။ချစ်သူနှစ်ယောက်ကတော့ ကြည်နူးမှုအပြည့်နဲ့ ပျော်ရွှင်စွာ Dinner dateလုပ်နေကြတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Khin Hlwan's Facebook Account
Photo Credit:Khin Hlwan's Facebook Account
Photo Credit:Khin Hlwan's Facebook Account

Source&Photo Credit:Khin Hlwan's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။