ဒါရိုက်တာ ကိုပေါက် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက် ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုဆိုရင် ဒါရိုက်တာ တစ်ယောက်အနေဖြင့် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးရိုက်ကူးနေပြီး အောင်မြင်မှုတွေကို ရယူသိမ်းပိုက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကြီးတွေကလည်း ပရိသတ်တွေရဲ့ အထူးအားပေးမှုကို အခိုင်မာရရှိနေတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။

Photo & Video Credit - Aung Min Naing & Aroma
Photo & Video Credit - Aung Min Naing & Aroma

ကိုပေါက် ဟာ အနုပညာနယ်ပယ်မှာ အခက်ခဲ များစွာကို ကျော်ဖြတ်ပြီး နေရာတစ်နေရာကို အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု လေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကလည်း မွေးဖွားထားပါသေးတယ်။ ယခုမှာဆိုရင်လည်း ကိုပေါက်ကတော့ အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Aung Min Naing & Aroma
Photo & Video Credit - Aung Min Naing & Aroma

ဒီဗီဒီယို ထဲမှာတော့ ကိုပေါက် လူရွှင်တော်ဝတ်စုံလေး ဝတ်ပြီး ငြိမ်းချမ်း ရဲ့ အသံဖိုင်လေးကို နောက်ခံထားကာ ပီပြင်အောင် သရုပ်ဆောင်ထားတဲ့ ဟာသဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သဘာဝကျကျ နဲ့ ဆော့ကစားထားတဲ့ ကိုပေါက် ရဲ့ ဟာသဗီဒီယိုလေးကို သဘောကျ ကြိုက်နှစ်သတ်မယ်လို့ ထင်ပါတယ်နော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်နေ့တာ ရဲ့ အချိန်တွေကို ပျော်စရာလေးတွေနဲ့ ဖြတ်သန်းနိုင်စေဖို့ ကိုပေါက် ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Aung Min Naing & Aroma

Source - Aung Min Naing's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။