ယခုခေတ်မှာ အမျိုးသားတိုင်း အမျိုးသမီးတိုင်းအတွက် အလှအပဆိုတာ ခေတ်စားလာကြပါတယ်။ မိမိကိုယ် မိမိ ယုံကြည်မှုအပြည့်ရှိအောင် သဘာဝအတိုင်းသာမက နည်းပညာတွေရဲ့ အကူအညီကို ပါယူပြီး ပြုပြင် ပြင်ဆင်လာကြပါတယ်။ အဲ့ဒီထဲမှာ မှ အလွန်အမင် ခေတ်စားလာတာကတော့ မိပ်ကပ်ပညာပါဘဲ။

f(x) အဖွဲ့ဝင် ဖြစ်တဲ့ ကိုရီးယားအဆိုတော်မလေး Luna ကတော့ မိန်းမပျိုလေးတွေ အတွက် ပလက်စတစ်စာဂျရီ မလုပ်ဘဲ ရင်ဘတ်ကို သာမန်ထပ်ကြီးအောင် ပြုလုပ်တဲ့ နည်းလေး၊ ဗိုက်မှာ ကြွက်သားတွေ ပေါ် အောင် မိပ်ကပ် အသုံးပြုပြီး ပြုလုပ်တဲ့နည်းကိုပြောပြသွားပါတယ်။ သူမကတော့ body oil ရယ် tan lotion ရယ်ကို အချိုးကျ ရောစပ်ကာ ဘယ်လို အကွက်နှင့် လိမ်းရမယ်ဆိုတာကို သူမရဲ့ ဗီဒီယိုထဲမှာ သေချာပြသွားပါတယ်။

ရင်သားသေးလို့ စိတ်ညစ်နေတဲ့ ပျိုမေ တွေ အန္တရာယ်များတဲ့ ဆေးထိုးတာတွေ ဆေးလိမ်းတာတွေ မလုပ်ချင်ဘူး၊ ပလတ်စတစ်စာဂျရီ လုပ်ဖို့လည်း မဖြစ်နိုင်သေးဘူးဆိုရင်တော့ Luna ပြောပြ ထားသလိုမျိုး မိပ်ကပ်အညိုကို အသုံးပြုပြီး ရင်အုံကြားကို v ပုံစံ ဆွဲပြီး blend လုပ်ပေးလိုက်ရုံနှင့် မိမိကိုယ်ကို ယုံကြည်မှုအပြည့်နှင့် သွားလာနိုင်ပြီပေါ့။

ဗီဒီယိုနှင့်တကွဖော်ပြပေးလိုက်ပါတယ်။

Source : koreaboo

translated by anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။