မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ သားလေးတစ်ယောက်ရဲ့မေမေဖြစ်တဲ့ မိုးယုစံက မွေးနေ့မှာပဲ နောက်ထပ်ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့ သတင်းကောင်းလေးကို သိခဲ့ရတာလည်း ဖြစ်ပါတယ် ။ မွေးနေ့ရှင်လေးဖြစ်တဲ့ မိုးယုကတော့ သူမချစ်ရတဲ့မိသားစုလေးနဲ့ပဲ တစ်နေ့တာကို အေးအေးချမ်းချမ်း ဖြတ်သန်းရင်း ပျော်ရွှင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုက မွေးနေ့မနက်ပိုင်းမှာတော့ ချစ်ရတဲ့ခင်ပွန်း၊သားလေးတို့နဲ့အတူ သံဃာတော်တွေနဲ့ သီလရှင်တို့ကို လှူဖွယ်ပစ္စည်းတွေ လောင်းလှူခဲ့တာ ဖြစ်ပါတယ် ။ ညပိုင်းမှာတော့ မိုးယုတို့မိသားစုလေးက နှစ်ဖက်မိဘစုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး ညစာသွားစားခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် မိုးယုက အိမ်မှာပဲ မိသားစုတွေနဲ့ မွေးနေ့ကိတ်ခွဲရင်း အမှတ်တရတွေအပြည့်နဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုက "မွေးနေ့ တစ်နေ့တာဖြတ်သန်းမှုလေးပါ အသက်ကြီးလာတာနဲ့အမျှ မွေးနေ့ဆိုတာကို မိသားစုနဲ့အေးအေးချမ်းချမ်းလေးဖြတ်သန်းရတာကိုပိုပြီးပီတိဖြစ်မိပါတယ် ဒီနှစ်မွေးနေ့လေးကတော့ ပိုပြီး ပျော်ရပါတယ် ဘာလဲမေးနေတဲ့လူတွေ ရာထူးတိုးသွားလို့ပါ birthday wish လုပ်ပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် တတ်နိုင်သလောက်တော့ reply ပြန်ပေမယ့်ကျန်ခဲ့ရင် ခွင့်လွှတ်ပေးကြနော်" ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေထားပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးယုစံနဲ့ သူမတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Moe Yu San's FB Acc

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။