ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ရွှေမှုံရတီကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ရွှေမှုံရတီ က ကြော်ငြာတွေအပြင် ဗီဒီယိုဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ပြီး အနုပညာလောကမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ မင်းသမီးချောလေး ရွှေမှုံရတီ ဟာ ဂီတလောကမှာ အောင်မြင်မှုတွေကို ရယူသိမ်းပိုက်ထားတဲ့ အဆိုတော်ရွှေထူး နဲ့ အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကိုတော့ ပရိသတ်တွေအားကျနေရတဲ့ အတွဲလေးဖြစ်သလို ချစ်အားပိုနေရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည် ရွှေထူးရဲ့ အထူးဂရုစိုက်မှုတွေ အပြည့်အဝရရှိနေတဲ့ ရွှေမှုံရတီ ကတော့ အမြဲဆိုသလို သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ယခုတစ်ခါမှာလည်း ရွှေမှုံရတီ နဲ့ ရွှေထူး တို့ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်ကတော့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ကြည်နူးစရာ ကောင်းလောက်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်.. ။
ဒီပုံလေးတွေ ထဲမှာတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ ရိုမန်တစ်ဆန်ဆန် ပြီးပြည့်စုံတဲ့ dinner လေးမှာ အရမ်းကို ပျော်ရွှင်စရာကောင်းလောက်တဲ့ ညလေးတစ်ည ကြည်နူးစရာ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့ လည်း ရွှေမှုံရတီ က " Anniversary dinner လေးက အရမ်းပြီးပြည့်စုံခဲ့တယ်..အချိုပွဲတွေက စားကောင်းလွန်းတယ်...Thx u for everything " ဆိုပြီး သူမ ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ရွှေနှစ်ရွှေ တို့ ရဲ့ မင်္ဂလာနှစ်ပတ်လည် လေးကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်... ။
Photo Credit - Shwe Mhone Yati
Source - Shwe Mhone Yati's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။