အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုငိအမာသိမ်းပိုက်ထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေးကတော့ တိုင်ရွန်ပဲ ဖြစ်ပါတယ်နော်..။

မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသလို သရုပ်ဆောင်ကောင်းတဲ့အပြင် ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စား Body ကိုလည်း ပိုင်ဆိုင်ထားကာ ပရိသတ်တွေကြား အမြဲရေပန်းစားသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing

အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ တိုင်ရွန်ကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း စက်စက်ယိုကျေးရွာမှာ အလှူလေး ပြုလုပ်ကာ ပျော်နေပြန်ပါတယ်နော်..။

စက်စက်ယိုရွာလေးမှာ ဝါသင်္ကန်းနဲ့ ဝတ္တုငွေလေးကပ်လှူပူဇော်ပြီး ကုသိုလ်ယူခဲ့သလို သျှောင်ပေစူးလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးတွေနဲ့အတူ ကစားကာ မုန့်ဖိုးတွေ ပေးဝေကာ ပျော်နေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို သဘောကျစရာကောင်းလွန်းပါတယ်နော်..။

Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing

"ပုဂံညောင်ဦး မြို့နယ်အတွင်းက သျှောင်ပေစူးလေးတွေရှိတဲ့ စက်စက်ယို ကျေးရွာလေးမှာ ဝါဆိုသင်္ကန်းနဲ့ ဝတ္တုငွေလေးကပ်လှူပူဇော် ကလေးတွေနဲ့ အတူ မုန့်ဖိုးလေးတွေဝေ

မြန်မာ့ရိုးရာချစ်ဖွယ် ဓလေ့လေးများကို အမြတ်တနိုး ထိန်းသိမ်းထားသောချစ်စရာရွာလေးတစ်ရွာ.." ဆိုပြီး ပျော်စရာ အမှတ်တရလေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

သျှောင်ပေစူးလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ စက်စက်ယိုရွာက ကလေးတွေနဲ့အတူ ပျော်နေတဲ့ တိုင်ရွန်တို့ရဲ့ ကြည်နူးပျော်စရာပုံလေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း အပျော်လေးတွေကူးစက်စေမှာပါနော်..။

Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing
Photo Credit - Nyi Nyi Naing

Source - Tyron Bejay's Fb Account

Photo Credit - Nyi Nyi Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။