အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းတစ်ယောက်ဟာ စမတ်ကျလှတဲ့ဖက်ရှင်နဲ့ ဖော်ရွေပျူဌာတဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို တစ်ခဲနက်ရရှိထားသူပါ။ သူမကိုတော့ မော်ဒယ်ပိုင်းတွင်သာမကပဲ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့လာရပါတယ်။ သူမရဲ့အမိုက်စားခန္ဓာကိုယ်ကြောင့်လည်း မိန်းကလေးပရိသတ်များကပါအားကျနေရတာပါ။

Photo Credit : ALinnYaung Photography
Photo Credit : ALinnYaung Photography

ထက်ထက်ထွန်းကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ အချိန်တိုင်း ဖက်ရှင်ကျတဲ့ ဒီဇိုင်းတွေနဲ့ အမြဲ စမတ်ကျလှနေသူလည်းဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ သူမရဲ့ အလန်းစားဖက်ရှင်လေးကြောင့်လဲ ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေသူဆိုလည်းမမှားပါဘူးနော်။

Photo Credit : ALinnYaung Photography
Photo Credit : ALinnYaung Photography

သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်များကိုလည်း ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ရဲ့ ပညာရေးမြှင့်တင်မှုအတွက် YVCT Kindness Ambassador အဖြစ်ခန့်အပ်ခံရတဲ့ ပုံလေးတွေကို အမှတ်တရ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : ALinnYaung Photography
Photo Credit : ALinnYaung Photography

Source : Htet Htet Htun Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။