သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သားညီကတော့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အ​ကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သားညီကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc

မနေ့ကတော့ မြန်မာတစ်နိုင်ငံလုံးက ချစ်ခင်အားပေးရတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်သူဦးကျော်ဟိန်းတစ်ယောက် ကွယ်လွန်သွားပြီဖြစ်လို့ အနုပညာရှင်တွေရော ပရိသတ်တွေကပါ အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးကျော်ဟိန်းကွယ်လွန်တဲ့နေ့လေးဟာ ဒွေးရဲ့ ၁၃နှစ်ပြည့် နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။သားညီးကတော့ ယခုမှာ ဦးကျော်ဟိန်းဒွေးတို့နဲ့အတူ ထမင်းလက်ဆုံစားရင်း ပျော်ရွှင်ရယ်မောခဲ့ရတဲ့ အမှတ်တရလေးတွေကို တမ်းတမက်မောပြီးသတိရနေခဲ့ပါတယ်။ 

Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သားညီကတော့  ယခုမှာ " ကျေးဇူးရှင်နှစ်ယောက်တစ်ယောက်က စိန်သားညီ လို့ ခေါ်တယ်တစ်ယောက်က ဖိုးသဲ လို့ခေါ်တယ်အခုတော့ နှစ်ယောက်စလုံး မရှိကြတော့ဘူးအရမ်းတိုက်ဆိုင်လွန်းတယ်ဗျာ ...သိပ်ချစ်ကြတဲ့ တူဝရီးနှစ်ယောက်ငြိမ်းချမ်းကြပါစေငြိမ်းချမ်းနေကြလိမ့်မယ်လို့လဲယုံကြည်ပ့တယ် သားညီ "ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Source  -Thar Nyi's FB Acc 

Photo Credit-Thar Nyi's FB Acc
Photo Credit-Thar Nyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။