ပရိသတ်ကြီးရေ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ကိုတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ကိုပေါက် က အနုပညာလောကကို ဇာတ်ပို့ ၊ ဇာတ်ရံတစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်ရရှိထားတာပဲဖြစ်ပါတယ်။ ကိုပေါက်ကတော့ ယခုဆိုရင်သရုပ်ဆောင်မှုအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးခဲ့ကာ ပရိသတ်တွေအလွန်းကြိုက်နှစ်သက်ခဲ့ရတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။

Photo & Video Credit - Aung Min Naing & Aroma
Photo & Video Credit - Aung Min Naing & Aroma

သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ဆန်းသစ်တဲ့ ဖန်တီးမှု ၊ ပရိသတ်တွေကို ပေးချင်တဲ့ အကြောင်းရာများကို အပီအပြင် ဖော်ပြနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို အနုပညာကို အထူးဝါသနာကြီးလွန်းတဲ့ ကိုပေါက် ကတော့ အမြဲလိုလို ဆော့ကစားထားတဲ့ ဟာသဗီဒီယိုလေးကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ အရင်က ဆော့ကစားတဲ့ ဟာသဗီဒီယိုလေးတွေ မတူပဲ ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားစေလောက်မယ့် ဟာသဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါပြီနော်...။

Photo & Video Credit - Aung Min Naing & Aroma
Photo & Video Credit - Aung Min Naing & Aroma

ဒီ ဗီဒီယို ထဲမှာတော့ အပြင်ကို သွားမယ့် ယောကျာ်းရဲ့ ဘောင်းဘီ ကို စိတ်မချတဲ့ ဇနီးဖြစ်သူက သော့ခတ်နေတဲ့ ပုံစံလေးနဲ့ ကြည့်မိသူတိုင်း ရယ်မောပျော်ရွှင်စေအောင် ဖန်တီး ထားတာဖြစ်ပါတယ်။ ဒါ့အပြင်ကိုပေါက် ကတော့ ဒီဗီဒီယိုလေးနဲ့လည်း "တကယ်ဆို ကိုငြိမ်းမောင်ရယ် ကလေးကိုလွတ်လပ်ခွင့်လေးတော့ပေးသင့်တာပေါ့ နော်..." ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရယ်စရာလေးတွေနဲ့ နေ့သစ်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့ ကိုပေါက် တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အခွီး ဟာသ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Aung Min Naing & Aroma

Source - Aung Min Naing's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။