အနုပညာလောကမှာ နေရာတစ်နေရာရရှိထားကြပြီဖြစ်တဲ့ စိုးမြတ်သူဇာ နဲ့ စိုးမြတ်နန္ဒာ တို့ညီအစ်မတွေဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ အကယ်ဒမီဆုတွေကိုယ်စီလည်း ရရှိထားကြတာပါ။

မကြီးစိုးလို့ ချစ်စနိုးခေါ်ကြတဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ နဲ့ စိုးမြတ်နန္ဒာတို့မိသားစုဟာ မောင်နှမ(၄)ယောက်ရှိတာဖြစ်ပါတယ်။

ဇွန်လ(၁၉)ရက်နေ့မှာကျရောက်တဲ့ Fathers Day အမှတ်တရအနေနဲ့ စိုးမြတ်နန္ဒာက သူမရဲ့ ဖေဖေ နဲ့ကလေးဘဝက ရိုက်ခဲ့တဲ့ပုံလေးတွေနဲ့အတူ မောင်နှမတွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို အခုလို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကတစ်ဆင့် သတိတရပြန်တင်ထားတာပါ။

သူမဟာ အဖေနဲ့တူတာကို ကြိုက်တယ်ဆိုတဲ့အကြောင်း ဓာတ်ပုံလေးတွေနဲ့တင်လိုက်ပါတယ်။

သတင်းအရင်းမြစ် soemyatnandar fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။