မော်ဒယ်လ်လောက ကနေ သရုပ်ဆောင်လောကထဲကို ကူးပြောင်းလာပြီး အောင်မြင်မှုတွေရရှိကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သူကတော့ မင်းသမီးချောလေး ဆုအိမ်စံပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာပဲဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ထည်က ပြောရက်စရာမရှိလောက်အောင် လှပပြီး မြင်သူငေးရလောက်တဲ့ သူမျိုးဖြစ်တာကြောင့် ပုရိသပရိသတ်တွေရဲ့ ဝန်းရံမှုကို ခံရတာလည်း အသေအချာပါပဲနော်...။

Photo credit - Hsu Eaint San's facebook account
Photo credit - Hsu Eaint San's facebook account

ဆုအိမ့်စံက မြန်မာဝတ်စုံလေးတွေဝတ်ဆင်ရင်လည်း နန်းဆန်စွာလှသလို ယခုခေတ်ဖက်ရှင်တွေ ဝတ်ဆင်ပြန်ရင်လည်း ခေတ်နဲ့တပြေးညီလိုက်ဖက်လှပနေတာကို တွေ့ရပါတယ် ။ ယနေ့မှာတော့ မင်းသမီးချောလေး ဆုအိမ့်စံက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလါတာပဲ ဖြစ်ပါတယ်။ လှပတဲ့ မြန်မာဝတ်စုံ လေးကို ဝတ်ဆင်ကာ ကျက်သရေရှိရှိလှနေတာပါနော်....။

Photo credit - Hsu Eaint San's facebook account
Photo credit - Hsu Eaint San's facebook account

အနီရောင်ပါတိတ်ဝတ်စုံလေး မြင်သူငေးရလောက်အောင်လှပနေပြီး " ကျောက်စိမ်းဘုရားမှာ ၁၁မီးငြိမ်းအောင် ွေငကျပ်-၁၁၀၀၀၀ တိတိ ကိုလှူဒါန်းခဲ့ပါတယ်.၇ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာအေးချမ်းကြပါစေ ကျောက်စိမ်းမြေမှ ၇ရက်သားသမီးအပေါင်းလည်း သောကအပူမီးငြိမ်းရျ် ကျန်းမာချမ်းသာကြပါစေ..နတ်လူအပေါင်း သာဓုခေါ်စေသော်" ဆိုပြီး ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - Hsu Eaint San's facebook account
Photo credit - Hsu Eaint San's facebook account

Source & Photo credit - Hsu Eaint San's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။