ဘူမိဘော အလွန် ထိုင်းနိုင်ငံ၏ မသေချာခြင်းများ

========================================

အောက်တိုဘာ ၁၄ ရက်မှာ ဘန်ကောက်မြို့တစ်မြို့လုံးကို ဝမ်းနည်းကြေကွဲမှု ခံစားချက်က အရိပ်မည်းတစ်ခုသဖွယ် လွှမ်းခြုံထားပါသည်။ ထိုရက်မတိုင်ခင် တစ်ရက်မှာ ကံကုန်သွားတဲ့ ထိုုင်းဘုရင် ဘူ မိဘော အဒူယာဒက်ရဲ့ ရုပ်အလောင်းကို သီရိရာဇာဆေးရုံကနေ မြဘုရားကို သယ်ယူမယ့်လမ်းကြောင်းတစ်လျှောက် ပြည်သူတွေက ဝမ်းနည်းခြင်းအထိမ်းးအမှတ်အဖြစ် တန်းစီစောင့်ဆိုင်းရင်းး ငြိမ်သက်နေခဲ့ကြပါသည်။ ထိုုင်းပြည်သူတွေရဲ့စိတ်မှာ ဝမ်းနည်းကြေကွဲမှုတွေအပြင် တခြားအာရုံတစ်ခုလည်း ကပ်ငြိနေပါတယ်။ ဒါကတော့ မသေချာ မရေရာသော အနာဂတ် ပဲဖြစ်ပါသည်။

သက်တော် ၈၈ နှစ်မှာ ကံတော်ကုန်သွားတဲ့ ဘုရင်ကြီး ဘူမိဘောဟာ ထိုင်းပြည်သူတွေရဲ့ စစ်မှန်သော ဖခင်တစ်ဦးအဖြစ်တင်စားရလောက်အောင် မင််းကောင်းမင်းမြတ်တစ်ပါး ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ စည်းမျဉ်းခံဘုရင်စနစ်အရ ဘူမိဘော ဟာ နိုင်ငံရေးအာဏာကိုု ပါဝင် ချုပ်ကိုင်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ နန်းစံသက် နှစ် ၇၀ အတွင်းမှာ ထိုုင်းနိုုင်ငံရဲ့ကြီးမားတဲ့ နိုင်ငံရေးပုံရိပ်သဖွယ် ဖြစ်ခဲ့ပါတယ်။ ထိုုင်းမှာ နိုင်ငံရေးအမြင်ကွဲပြားမှုတွေ ပဋိပက္ခ တွေပေါ်ပေါက်လာချိန်တိုင်း ဘုရင်ရဲ့စကားတစ်ခွန်းနဲ့ ဝင်ထိန်းလိုုက်ရင် ကိစ္စအားလုံး ပြီးငြိမ်းလေ့ရှိပါတယ်။ ဘူမိဘောဟာ အဲ့လောက်အထိ တိုင်းသူပြည်သားတွေအပေါ် သြဇာညောင်းခဲ့ပြီး ကြည်ညိုလေးစားခြင်း ခံရသူ ဖြစ်ပါတယ်။ ယခု ဘုရင်ကြီး ကံကုန်ခဲ့ပါပြီ။ တိုက်ဆိုင်စွာပဲ ဒီကာလာဟာ ထိုင်း နိုင်ငံရေး စပ်ကူးမပ်ကူး ကာလည်းဖြစ်နေပါတယ်။

အခု မေးခွန်းထုတ်စရာဖြစ်နေတာက လက်ရှိစစ်အစိုးရ နှင့် ပြိုင်ဘက်နိုင်ငံရေးပါတီတွေကြား ဘယ်လိုဆက်ပြီး စခန်းသွားကြမှာလဲ။ အရင်လို ပဋိပက္ခတွေဖြစ်ပေါ်လာရင်ကော ဘယ်သူက ဝင်ထိန်းညှိပေးမှာလဲ ဆိုတာပါပဲ။ တိုုင်းသူပြည်သားတွေဟာ အုပ်ချုပ်သူအကြီးအကဲတွေကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ထိုင်းဘုရင်ကသာ သူကောင်းပြုခန့်အပ်မယ်ဆိုရင် ဖီဆန် အာခံလေ့မရှိပါဘူး။ ဒါပေမမဲ့ အခုချိန်မှာ ထိုင်းနိုုင်ငံရဲ့ အမျိုးသားစည်းလုံးညီညွတ်မှု သင်္ကေတတစ်ရပ်ဖြစ်တဲ့ ဘူမိဘောဟာ ပြိုလဲသွားခဲ့ပါပြီ။ ဒီတော့ ထိုင်းနိုင်ငံရဲ့ အနာဂတ်ခရီးဟာ ဘယ်လိုတွေဆက်ဖြစ်လာနိုင်မှာလဲ။

ဘုရင် ဘူမိဘောကိုယ်တိုုင်က အိမ်ရှေ့မင်းသားအရိုက်အရာ အပ်နှင်းထားတဲ့ အသက် ၆၄ နှစ်အရွယ် မင်းသားကြီး မဟာဗာဂျီရာ လောင်ကွန် က ထိုင်းဘုရင်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ခိုင်ခိုင်မာမာထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ပြသနာရှိနေပါတယ်။ ပြသနာကတော့ တိုင်းသူပြည်သားတွေအနေနဲ့ အိမ်ရှေ့မင်းသားကို အင်မတန်မုန်းတီးနေတယ်ဆိုတဲ့ အချက်ပါပဲ။ ဖခင် ဘူမိဘောကိုု ပြည်သူတွေ ချစ်သလောက် အကျင့်စာရိတ္တ ဆိုးသွမ်းပြီး မိန်းမမှု ပွေလွန်းတဲ့ ဗာဂျီရာလောင်ကွန်ကလည်း ဥရောပမှာ အနေများပြီး လူ့ဘော်ကျော့ ပလေးဘွိုင်း တစ်ယောက်သာသာ သာဖြစ်ပါတယ်။ ဖခင်ကျန်းမာရေး မတည်မငြိမ်ဖြစ်လာကြောင်း ကြေညာမှာ ဘန်ကောက်ကိုု ပြန်လာခဲ့ပါတယ်။

ဗာဂျီရာလောင်ကွန်းဟာ ဘုရင်ဖြစ်ဖို့ နီးစပ်နေပေမယ့်လည်း အသစ်ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေအရ လွှတ်တော်အနေနဲ့ သူ၏ ဘုရင်ဖြစ်ခွင့်ကို ငြင်းဆန်နေပြီး ပြည်သူချစ်တဲ့ သမီးကြီး သီရိဒုံ ကို ထီးနန်းလွှဲပေးခွင့် ရှိနေပါတယ်။ သို့သော်လည်း မည်သူမည်ဝါကမျှတော့ တိတိကျကျ ရေရေရာရာ ပြောဆိုနိုုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်အနေနဲ့ကတော့ ထိုင်းတော်ဝင်မိသားစုအပေါ် ရိုသေလေးစားကြောင်း ဘယ်လောက်ပဲ ဟန်ပြရပ်တည်နေပါစေ ပြည်သူမုန်းတဲ့ ဘုရင်မျိုးကိုု နန်းတင်ပေးထားခြင်းဟာ သူတို့ရဲ့ နိုင်ငံရေးသြဇာကို အရောင်တင်နိုင်ဖို့ ပိုအခွင့်သာစေမယ်လို့ မြင်မှာပါ။ ပြည်သူတွေအနေနဲ့ကလည်း တော်ဝင်သွေးသားဖြစ်တဲ့ သီရိဒုံကိုု ချစ်မြတ်နိုးပေမယ့်လည်း အပျိုကြီးဖြစ်နေတဲ့အတွက် နန်းဆက်ပြတ်မှာ စိုးရိမ်နေရပြန်ပါတယ်။

ဘုရင်ကြီးရဲ့ ကံကုန်သွားမှုအပေါ် နှမြောတသ ဝမ်းနည်းပူဆွေးနေရတဲ့ ပြည်သူတစ်ဦးကတော့

"ဘုရင်ကြီးက တစ်နိုင်ငံလုံးရဲ့ အသည်းနှလုံးလို့တောင် ဆိုနိုုင်ပါတယ်။ သူမရှိတော့တဲ့အခါ အရာရာ ယိမ်းးယိုင်တုန်လှုပ်နေပါတယ်။ ဘာကိုယုံကြည်ရ မှန်းတောင် မသိတော့ပါဘူး" လို့ ဆိုပါတယ်။

တိုင်းသူပြည်သားတွေအနေနဲ့ကတော့ ဘုရင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပူဆွေးသောက ရောက်နေသလို ရှေ့လာမယ့် အနာဂတ်မှာ သူတို့မနှစ်မြို့တဲ့ ဗာဂျီရာလောင်ကွန် တစ်ယောက် ပလ္လင်ပေါ် အခံ့သားတက်နေထိုင်မယ့် ကိစ္စကို တွေးတောပြီး စိတ်မောနေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ သံမဏိစည်းကမ်းကြောင့် ပြည်သူတွေကြား တော်ဝင်မိသားစုနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုမျိုးတော့ ထွက်ပေါ်မလာပါဘူး။

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။